မဲခေါင်မြစ် မြစ်ဝှမ်းဒေသ နိုင်ငံတကာ ကုန်းလမ်းပို့ဆောင်ရေး စတင်ခြင်းအခမ်းအနားကို ကူမင်းမြို့မှာ ကျင်းပ

2019-05-28 19:19:03 |သတင်းအရင်းအမြစ် 云南日报

မဲခေါင်မြစ် မြစ်ဝှမ်းဒေသ (GMS) နိုင်ငံတကာကုန်းလမ်းပို့ဆောင်ရေး (တရုတ်- လာအို-ဗီယက်နမ်) စတင်ခြင်းအခမ်းအနားကို ကူမင်းမြို့တွင် မေလ ၂၇ရက်နေ့က ကျင်းပရာ အဆိုပါ(၃)နိုင်ငံအကြား GMS နိုင်ငံတကာကုန်းလမ်းပို့ဆောင်ရေး လမ်းကြောင်းကို ပထမအကြိမ် ဖွင့်လှစ်ပေးလိုက်ခြင်းပင် ဖြစ်သည်။

၎င်းလုပ်ဆောင်ချက်သည် “ ‘မဲခေါင်မြစ် မြစ်ဝှမ်းဒေသ (GMS) ကုန်ပစ္စည်းနှင့် ခရီးသည် နိုင်ငံခြားဖြတ်ကျော်ပို့ဆောင်ရေး သဘောတူညီချက်’ အစောဆုံးရရှိသော အောင်မြင်မှုကို ဆောင်ရွက်ရန် MOU နားလည်မှုစာချွန်လွှာ” (အောက်တွင် “အစောဆုံးရရှိသောအောင်မြင်မှု MOU”ဟု အတိုချုံးခေါ်ဝေါ်သည်)ကို လက်တွေ့ဖော်ဆောင်ရန်၊ လန်ချန်းမြစ်-မဲခေါင်မြစ်နိုင်ငံများ ဘက်ပေါင်းစုံပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု၏ လက်တွေ့ဆောင်ရွက်ချက်ကို မြှင့်တင်လုပ်ဆောင်ရန်၊ GMS ပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှု၏ အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်နိုင်မည်ဖြစ်ကာ တရုတ်-အင်ဒိုချိုင်းနားကျွန်းဆွယ် စီးပွားရေးစင်္ကြံ အပြန်အလှန် ချိတ်ဆက်ခြင်းကို တွန်အားပေးရန် အကျိုးပြုစေနိုင်ပါသည်။

“အစောဆုံးရရှိသောအောင်မြင်မှု MOU” ဖော်ဆောင်ရန်နှင့် GMS နိုင်ငံတကာ ကုန်းလမ်းပို့ဆောင်ရေးလမ်းခရီးစဉ်ကို တရားဝင် စတင်ခြင်းဖြင့် ကူမင်းလမ်းမကြီး၏ ဝန်ဆောင်မှုကို အပြည့်အ၀ သက်ရောက်စေနိုင်မည်ဖြစ်ကာ တရုတ်- အင်ဒိုချိုင်းနားကျွန်းဆွယ် ပို့ဆောင်ရေးစင်္ကြံကို အဆင်ပြေချောမွေ့စေပြီး ဒေသအတွင်း ကုန်ပစ္စည်းနှင့် ခရီးသည် အသွားအလာကို မြှင့်တင်စေမည် ဖြစ်သည်။

သတင်းထောက်--Han Chengyuan

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006