နိုင်ငံတကာ AI နှင့် ပညာရေး အစည်းအဝေးကို ယခုလ ၁၆ ရက်နေ့က ပီကင်း၌ ကျင်းပခဲ့ကြောင်း၊ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် နိုင်ငံတကာ AI နှင့် ပညာရေး အစည်းအဝေးအား ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။
ယင်းသဝဏ်လွှာတွင်၊ AI နည်းပညာသည် သိပံ္ပနည်းပညာ တော်လှန်ရေးသစ်နှင့် ကုန်ထုတ်လုပ်မှု တော်လှန်ရေးသစ်ကို ဦးစီးနေသော အရေးကြီး တွန်းအား ဖြစ်ပြီး ပြည်သူလူထုများ၏ ကုန်ထုတ်လုပ်မှု၊ နေထိုင်မှုနှင့် ပညာသင်ယူရေး အသွင်ပုံစံကို နက်ရှို်င်းစွာ ပြုပြင်ပြောင်းလဲနေကြောင်း၊ တရုတ်နိုင်ငံသည် AI နည်းပညာနှင့် ပညာရေးကို နက်ရှိုင်းစွာ ရောနှောပေါင်းစပ်မှုကို တက်ကြွစွာ တွန်းအား ပေးနေကြောင်း ရေးသား ဖေါ်ပြ ထားပါသည်။ (ကျော့)