၂၀၁၉ ခုနှစ် မဲခေါင်မြစ်ခရီးသွားလာရေးဖိုရမ်ကို တာ့လီမြို့တွင် ကျင်းပ

2019-05-29 18:14:22 |သတင်းအရင်းအမြစ် 云南日报

၂၀၁၉ ခုနှစ် မဲခေါင်မြစ်ခရီးသွားလာရေးဖိုရမ်ကို မေလ ၂၈ ရက်က တာ့လီပိုင်တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲတွင် ကျင်းပရာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် စသည့်နိုင်ငံများမှ ခရီးသွားလာရေးဌာန၏ အဆင့်မြင့်အရာရှိများ၊ တရုတ်နိုင်ငံ သက်ဆိုင်ရာဒေသများမှ ခရီးသွားလာရေးအုပ်ချုပ်မှုဌာန၏ ကိုယ်စားလှယ်များနှင့် တရုတ်ပြည်တွင်းပြည်ပလုပ်ငန်းအဖွဲ့မှ ကိုယ်စားလှယ်များသည် ဖိုရမ်၏ အဓိကဆောင်ပုဒ်ကို အခြေခံကာ ဒေသအတွင်း နိုင်ငံအသီးသီးမှ နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် အကြံကောင်းများကို ထောက်ပံ့ပေးကြပါသည်။

၂၀၁၉ ခုနှစ် မဲခေါင်မြစ်ခရီးသွားလာရေးဖိုရမ်၏ အဓိကဆောင်ပုဒ်မှာ “ခရီးသွားလာရေးလုပ်ငန်းသည် ယဉ်ကျေးမှုဆက်ခံခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်းနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၏ တွန်းအား” ဟူ၍ ဖြစ်သည်။ ၎င်းဖိုရမ်ကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့က ဦးစီးကာ ယူနန်ပြည်နယ်ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနနှင့် တာ့လီပြည်နယ်ခွဲ ပြည်သူ့အစိုးရတို့က တာဝန်ယူပြီး မဲခေါင်မြစ်ခရီးသွားလာရေး ညှိနှိုင်းရေးရုံးဌာန၏ အကူအညီဖြင့် ကျင်းပခြင်း ဖြစ်သည်။ ဤဖိုရမ်သည် အာရှတိုက်ယဉ်ကျေးမှုဆွေးနွေးပွဲတွင် တင်ပြခဲ့သော “တရုတ်နိုင်ငံသည် နိုင်ငံအသီးသီးနှင့်အတူ အာရှတိုက်ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်ရန် မြှင့်တင်ခြင်းစီမံကိန်းကို ဆောင်ရွက်လိုကြောင်း၊ အာရှတိုက်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အာရှတိုက်ပြည်သူပြည်သားတို့ ချစ်ကြည်ရေးကို တိုးမြှင့်ရန် တစိုက်မတ်မတ် အကျိုးပြုလိုကြောင်း” ဟူသောဆောင်ရွက်ချက်ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရန် ရည်ရွယ်ထားပါသည်။

ယခုလက်ရှိအချိန်တွင် ခရီးသွားလာရေးဖြင့် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ခြင်းသည် ကမ္ဘာ့ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၏ အဓိကနယ်ပယ် ဖြစ်လာပါသည်။ မဲခေါင်မြစ် မြစ်ဝှမ်းဒေသနိုင်ငံအသီးသီးတွင် ခရီးသွားလာရေးလုပ်ငန်း သည် ဒေသခံပြည်သူများ၏ ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်စေသော အရေးပါလမ်းကြောင်း ဖြစ်လာပါသည်။ ထို့အတူ ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ခြင်းသည် ယဉ်ကျေးမှုဆက်ခံခြင်းနှင့် ကာကွယ်စောင့်ရှောက်ပေးခြင်းအတွက် အရေးပါသောတွန်းအား ဖြစ်စေပါသည်။ ၎င်းဖိုရမ်ကို ပါဝင်တက်ရောက်သောဧည့်သည်များသည် ခရီးသွားလာရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို အခြေခံကာ ကျေးရွာဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို မြှင့်တင်ခြင်း၊ ရထားလုပ်ငန်းဖွံ့ဖြိုးခြင်းမှာ ခရီးသွားလာရေးလုပ်ငန်း အဆက်မပြတ် ဖွံ့ဖြိုးခြင်းကို အထောက်အကူပြုခြင်း၊ မဲခေါင်မြစ် မြစ်ဝှမ်းဒေသ ယဉ်ကျေးမှု အမွေအနှစ်ကာကွယ်ခြင်းနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မဟာဗျူဟာ စသည်များကို ဆွေးနွေးကြပါသည်။

သတင်းထောက် -- Wang Huan၊ Feng Yaxin

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006