၂၀၁၉ ခုနှစ် နှစ်ကုန်တွင် ထိရောက်စွာ ချိတ်ဆက်နိုင်မည့် ရှန်ဟိုင်း-ကူမင်းရထားလမ်းနှင့် နန်နင်း-ကူမင်းရထားလမ်းတို့၏ သတင်းကောင်း

2019-05-30 18:18:49 |သတင်းအရင်းအမြစ် 云南网

ကူမင်းမြို့ အရှေ့ဘက်တွင် တည်ရှိသော ကျင့်မာရွာဘူတာရုံသည် မေလ(၂၉) ရက်က အဆင့်မြှင့်တင်ပြောင်းလဲမှု စီမံကိန်းသည် အဆင်ပြေချောမွေ့စွာ ပြီးစီးခဲ့ကြောင်း၊ ယခုနှစ် နှစ်ကုန်တွင် ချိတ်ဆက်ခြင်းလမ်းကြောင်း ဖွင့်လှစ်ပြီးနောက် ရှန်ဟိုင်း-ကူမင်းရထားလမ်းနှင့် နန်နင်း-ကူမင်းရထားလမ်းတွင် ပြေးဆွဲသော တိုက်ရိုက်ရထားသည် ကူမင်းအရှေ့ဘက် ဘူတာရုံမှတစ်ဆင့် ကွေ့ဝိုက်၍ သွားလာရန် မလိုအပ်ပဲ ၎င်းရထားလမ်းကြောင်း (၂)ကြောင်းသည် ကူမင်းမြို့တွင် ထိရောက်စွာ ချိတ်ဆက်နိုင်မည်ဖြစ်ကြောင်း တရုတ်ရထားလမ်းကြောင်း ကူမင်းအုပ်စုအဖွဲ့က မိတ်ဆက်ပြောကြားသည်။

ကျင့်မာရွာဘူတာရုံသည် ရှန်ဟိုင်း-ကူမင်းရထားလမ်းမှ ကူမင်းရထားလမ်းကြောင်း အချက်အချာသို့ ၀င်ရောက်သော နောက်ဆုံးဂိတ်ဖြစ်ပြီး ဤစီမံကိန်းတွင် အသုံးပြုသောစက်ကိရိယာ များပြားသည့်အတွက်ကြောင့် လုပ်ငန်းစဉ်များကို တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိနေပါသည်။

ယခုနှစ် နှစ်ကုန်ထိ ရန်ပေါင်ဘူတာရုံနှင့် ကျင့်မာရွာဘူတာရုံတို့အကြား ချိတ်ဆက်လမ်းကြောင်း ပြီးစီးအောင် တည်ဆောက်ပြီး ရှန်ဟိုင်း-ကူမင်းရထားလမ်းနှင့် နန်နင်း-ကူမင်းရထားလမ်းတွင် ပြေးဆွဲသော တိုက်ရိုက်ရထားသည် ကူမင်းအရှေ့ဘက်ဘူတာရုံမှတစ်ဆင့် ကွေ့ဝိုက်၍ သွားလာရန် မလိုအပ်တော့ပဲ ၎င်းရထားလမ်းကြောင်း(၂)ကြောင်း ထိရောက်စွာ ချိတ်ဆက်နိုင်မည်ဖြစ်ကြောင်း သိရပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006