ဇွန်လ ၁ရက်နေ့သည် နိုင်ငံတကာ ကလေးများနေ့ ဖြစ်သည်။ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က မေလ ၃၁ရက်နေ့က မကာအို ဟော်ကျန်း အလယ်တန်းကျောင်း လက်အောက်ခံ ယင်ဆိုင်ကျောင်းမှ မူလတန်းကျောင်းသူကျောင်းသားများထံသို့ ပြန်စာပေးပို့ရာ ၄င်းကျောင်းသူကျောင်းသားများအား ချစ်ခင်ရင်းနှီးစွာ အားပေးကြောင်း၊ နိုင်ငံတကာ ကလေးများနေ့တွင် ယင်ဆိုင်ကျောင်းမှ မူလတန်းကျောင်းသူကျောင်းသား များအပါအဝင် တရုတ်ပြည် တစ်ပြည်လုံးရှိ ကလေးသူငယ်များ ပျော်ရွှင်ကြပါစေဟု ဆုတောင်းကြောင်း ရေးသား ဖော်ပြသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။
မကြာခင်က ယင်ဆိုင်ကျောင်းမှ မူလတန်းကျောင်းသူကျောင်းသားများက ဥက္ကဋ္ဌ ရှီကျင့်ဖိန်ထံသို့ စာတစ်စောင် ပေးပို့ခဲ့ရာ ”အမိနိုင်ငံ” အပေါ် မိမိတို့၏ သိရှိနားလည်မှုကို ရေးသား ဖော်ပြပြီး မိမိတို့ ကြီးပြင်း၍ လူသားမြောက်လာသည့် နောက်ပိုင်းတွင် မကာအို အပါအဝင် အမိနိုင်ငံကို ပိုမိုကောင်းမွန်အောင် တည်ဆောက်ရန် စိတ်ပိုင်းဖြတ်ထားမှု ကိုလည်း ရေးသားဖော်ပြကြောင်း သိရသည်။