တရုတ်နိုင်ငံက 5G အင်တာနက် စီးပွားဖြစ်အသုံးပြုမှုအတွက် လိုင်စင်များခွင့်ပြု

2019-06-06 18:46:37 |သတင်းအရင်းအမြစ် 新华网

5G အင်တာနက် ထုတ်လွှင့်စက်အားတွေ့ ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံက 5G အင်တာနက် စီးပွားဖြစ် အသုံးပြုမှုကို မကြာခင်ခွင့်ပြုပေးတော့မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ စက်မှု နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန(MIIT) က ဇွန် ၃ ရက်တွင် ပြောကြားခဲ့သည်။

 

တရုတ်နိုင်ငံ၌ မိုလ်ဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုနေသူတစ်ဦးအားတွေ့ ရစဉ်(ဆင်ဟွာ) 

တရုတ်နိုင်ငံ၏ 5G လုပ်ငန်းစုကြီးသည် သီးခြားတီထွင်ဖန်တီးမှုကို ပေါင်းစပ်ခြင်း နှင့် တံခါးဖွင့်ပူးပေါင်းဆောင်ရွက်ခြင်း တို့ ဖြင့် အစွန်းထွက်ပြိုင်ဆိုင်မှုတစ်ခုကို တည်ဆောက်ထားပေးခြင်းဖြစ်ကြောင်း ၊ 5G စံချိန်စံညွှန်းများသည် ကမ္ဘာလုံးဆိုင်ရာစက်မှုတီထွင်ဖန်တီးသူများဖြင့် နိုင်ငံတကာစံချိန်စံညွှန်များကို တွဲဆက်ကာ တစ်ပြေးညီဖြစ်အောင် ဆောင်ရွက်ထားကြောင်း နှင့် မရှိမဖြစ်လိုအပ်သော နည်းပညာအစိတ်အပိုင်းများအတွက် ရာခိုင်နှုန်း ၃ဝ ကျော်မှာ ယခုအခါ တရုတ်နိုင်ငံ၏ ကိုယ်ပိုင်ဖန်တီးမှုများဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

 

တရုတ်နိုင်ငံ၌ မိုလ်ဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုနေသူတစ်ဦးအားတွေ့ ရစဉ်(ဆင်ဟွာ) 

နိုင်ငံခြားစက်မှုကုန်ထုတ်လုပ်ငန်းများဖြစ်သော Nokia ၊ Ericsson ၊ Qualcomm နှင့် Intel စသည့် ကုမ္ပဏီများအနေဖြင့် နည်းပညာပိုင်းဆိုင်ရာ လေ့လာစမ်းသပ်မှုများစွာကို နက်နက်ရှိုင်းရှိုင်းဆောင်ရွက်ခဲ့ပြီး တရုတ်နိုင်ငံ၏ 5G နည်းပညာကို စီးပွားဖြစ် အသုံးပြုရန် လုပ်ငန်းစုအမျိုးမျိုးမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း MIIT က ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် ပြည်တွင်းပြည်ပ စက်မှုလုပ်ငန်းများအား 5G ကွန်ရက်ကျယ်ပြန့် လာအောင် မြှင့်တင်ခြင်း ၊ အသုံးပြုခြင်း နှင့် တည်ဆောက်ခြင်းများတွင် ပါဝင်ဆောင်ရွက်ရန် အစဉ်အမြဲကြိုဆိုကြောင်း နှင့် မတူကွဲပြားသော နယ်ပယ်များ၏ ဖွံ့ ဖြိုးတိုးတက်မှုအတွက် မျှဝေသွားမည်ဖြစ်ကြောင်း MIIT က ဆက်လက်ပြောကြားခဲ့သည်။(Xinhua)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006