တရုတ်-ရုရှား နှစ်နိုင်ငံ ခေါင်းဆောင် တို့ က လက်ရှိ့ကမ္ဘာ့ မဟာဗျူဟာ တည်ငြိမ်မှု ရရှိရေး အတွက် တိုးမြှင့်ဆောင်ရွက်မှု ဆိုင်ရာ ပူးတွဲ ကြေညာချက် တွင် လက်မှတ်ရေးထိုး

2019-06-07 11:59:58 |သတင်းအရင်းအမြစ် 新华网

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ရုရှား နိုင်ငံ သမ္မတ ပူတင် တို့က ဇွန်လ ၅ ရက် ၌ ပူးတွဲကြေညာချက် တွင် လက်မှတ်ရေးထိုးစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ရုရှား နိုင်ငံ သမ္မတ ပူတင် တို့က ဇွန်လ ၅ ရက် ညပိုင်း အချိန် တွင် မော်စကို မြို့ ၌ “တရုတ် နိုင်ငံ နှင့် ရုရှား နိုင်ငံ အကြား လက်ရှိ့ကမ္ဘာ့ မဟာဗျူဟာ တည်ငြိမ်မှု ရရှိရေး ဆိုင်ရာ ပူးတွဲကြေညာချက်” အား လက်မှတ်ရေးထိုး ခဲ့ကြသည်။

ပူးတွဲကြေညာချက် တွင် တရုတ်-ရုရှား နှစ်နိုင်ငံ က လက်ရှိ့ နိုင်ငံတကာ လုံခြုံရေး က ပြင်းထန်သည့် စိန်ခေါ်မှု ကို ရင်ဆိုင်နေရသည် ဟု ယူဆသဖြင့် မဟာဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှု ကို နက်ရှိုင်းအောင် ဆောင်ရွက်ရန် ၊ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု ကို တိုးချဲ့ရန် နှင့် ကမ္ဘာ့ မဟာဗျူဟာ တည်ငြိမ်မှု ရရှိရေး ကို ခိုင်မြဲစွာ ထိန်းသိမ်းသွားရန် ဆုံးဖြတ်လိုက်ကြောင်း ပါဝင် ခဲ့သည်။

ကမ္ဘာ့ အချို့ နိုင်ငံ များ က မိမိ ၏ ပထဝီ နိုင်ငံရေး ဆောင်ရွက်မှု နှင့် စီးပွားရေး လုပ်ငန်း အကျိုးစီးပွား အပေါ် မူတည်၍ ၄င်းတို့၏ လိုအပ်ချက် အရ စစ်ရေးဆိုင်ရာ ကန့်သတ်ချက် နှင့် လူအများ သေဆုံးစေနိုင်သည့် လက်နက် မပြန့်ပွားရေး ဆိုင်ရာ ကန့်သတ်ချက် များကို ချိုးဖောက်နေခြင်း မှာ အလွန် အန္တရာယ်များသည် ဟု တရုတ် နှင့် ရုရှား နိုင်ငံ တို့က ယူဆကြောင်း ကြေညာချက် တွင် ပါဝင် ခဲ့သည်။

ပူးတွဲကြေညာချက် တွင် တရုတ်-ရုရှား နှစ်နိုင်ငံ အနေဖြင့် နျူကလီးယား မပြန့်ပွားရေး ဆိုင်ရာ စည်းစနစ် ကို တိုးချဲ့ ဆောင်ရွက်သွားပြီး နျူကလီးယား လက်နက် လျှော့ချရေး ၊ နျူကလီးယား မပြန့်ပွားရေး နှင့် နျူကလီးယား စွမ်းအင် အား ငြိမ်းချမ်းစွာ အသုံးပြုရေး စသည့် ကဏ္ဍ ၃ ခု ကို တက်ကြွစွာ တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် အီရန် နျူကလီးယား အရေး ဘက်စုံ သဘောတူညီချက် အား တောင်းဆိုချက်မဲ့ ခိုင်မြဲစွာ အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ ၏ အီရန် နိုင်ငံ အပေါ် တစ်ဖက်သတ် ပိတ်ဆို့အရေးယူ ဆောင်ရွက်ခြင်း ကို လက်မခံ နိုင်ကြောင်း ပါဝင် ခဲ့သည်။

ထို့ပြင် ပူးတွဲကြေညာချက်တွင် နှစ်နိုင်ငံ က နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မူဝါဒ ကို အတူတကွ တွန်းအားပေး ဆောင်ရွက်သွားပြီး ခက်ခဲစွာ ရရှိထားသည့် နျူကလီးယား ပြန့်ပွားမှု ကာကွယ်ရန် လုံခြုံရေး အဆိုပြုချက် ( Proliferation Security Initiative,PSI) နှင့် နိုင်ငံတကာ စစ်ရေးဆိုင်ရာ ကန့်သတ်ချက် စည်းစနစ် ကို ခိုင်မြဲစွာ အတူတကွ ထိန်းသိမ်းသွားမည် ဖြစ်ကာ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ထောက်ခံအားပေးသွားရန် တိုက်တွန်းကြောင်း ပါဝင် ခဲ့သည်။(Xinhua)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006