တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ်(ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကာဂျစ္စတန်နိုင်ငံ သမ္မတ Sooronbay Jeenbekov၏ ဖိတ်ကြားချက်အရ ဇွန် ၁၂ ရက်မှ ၁၄ ရက်အထိ ကာဂျစ္စတန်နိုင်ငံသို့ နိုင်ငံတော်လည်ပတ်ရေး ခရီးစဉ်သွားရောက်မည်ဖြစ်ပြီး ဘီရှကက်မြို့၌ ကျင်းပမည့် ၁၉ ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) အဖွဲ့ဝင်နိုင်ငံ နိုင်ငံခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်းက ဇွန် ၉ ရက်တွင် ပြောကြားခဲ့ကြောင်းသိရသည်။
ထို့အပြင် တာဂျစ်ကာစ္စတန်နိုင်ငံသမ္မတ Emomali Rahmon၏ ဖိတ်ကြားချက်အရ သမ္မတရှီသည် ဇွန် ၁၄ ရက်မှ ၁၆ ရက် အထိ တာဂျစ်ကစ္စတန်နိုင်ငံသို့ နိုင်ငံတော်လည်ပတ်ရေးခရီးစဉ်သွားရောက်မည် ဖြစ်ပြီး ဒူရှန်ဘီမြို့တွင် ကျင်းပမည့် အာရှပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးနှင့်ယုံကြည်မှုတည်ဆောက်ရေးအစည်းအဝေး(CICA)သို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)