ဒုတိယအကြိမ် တရုတ်-တောင်အာရှ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ယခုလ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တွင် ယူနန်ပြည်နယ် ယွိရှီမြို့၌ ကျင်းပခဲ့သည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူကင်စွမ်က ယခုအကြိမ်ဖိုရမ်ကျင်းပခြင်းသည် တရုတ်နှင့် တောင်အာရှနိုင်ငံအသီးသီး ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအခြေအနေသစ် ဖန်တီးရန်အတွက် အကျိုးရှိမည်ဟု ၁၀ ရက်နေ့က ပြောကြားကြောင်း စီအာအိုင်သတင်းအရ သိရသည်။