ဒေသစံတော်ချိန် ယခုလ ၁၀ ရက်နေ့က ၆ ရက်ကြာကျင်းပမည့် ၁၀ ကြိမ်မြောက် တရုတ်-ဥရောပလုပ်ငန်းရှင်များထိပ်သီးအစည်းအဝေးကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်၌ ဖွင့်လှစ်ခဲ့သည်။ တရုတ်၊ ဥရောပနိုင်ငံတို့မှ နိုင်ငံရေးအကြီးအကဲများ၊ လုပ်ငန်းရှင် ခေါင်းဆောင်များနှင့် ပညာရှင်များအပါအဝင် လူ ၅၀၀ ကျော်တို့သည်၊ ယခုအကြိမ်အစည်း အဝေးသို့ တက်ရောက်ပြီး၊ တရုတ်ပြည်၏ တံခါးဖွင့်မူဝါဒ၊ ကမ္ဘာ့စီးပွားရေးပတ်ဝန်းကျင်၊ တရုတ်-ဥရောပ သိပ္ပံပညာဆန်းသစ်တီထွင်မှုနှင့် ပူးပေါင်းဆာင်ရွက်မှုအပါအဝင် လူအများ အာရုံစိုက်ကြသည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ နက်ရှိုင်းစွာ ကူးလူး ဖလှယ်၊ တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း တရုတ်ဗဟိုမီဒီယာအုပ်စုက ဖော်ပြခဲ့သည်။
ထိုနေ့တွင်ကျင်းပခဲ့သည့် ဖွင့်ပွဲအခမ်းအနား၌ ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် ကြီး လျူရှောက်မင်က၊ တရုတ်နှင့် ဥရောပနိုင်ငံတို့သည်၊ ကာလရှည်ကြာစွာ ကမ္ဘာ့ စီးပွားရေးစီမံခန့်ခွဲမှု ကောင်းမွန်စေရေး၊ ဘက်ပေါင်းစုံဝါဒ ထိန်းသိမ်းကာကွယ်ရေးနှင့် လွတ်လပ်သော ကုန်သွယ်မှု စွဲကိုင်ရေးစသည့် အရေးကြီးပြဿနာများအပေါ် ကျယ်ပြန့် သည့် သဘောတူညီချက်များရှိသကဲ့သို့၊ နှစ်ဖက်တို့၏ ပူးပေါင်းဆောင်ရွက်ရေး အခြေခံအုတ်မြစ်သည်လည်း အလွန်ခိုင်မာကြောင်း မိန့်ခွန်းပြောကြားခဲ့သည်ဟု သတင်းအရသိရ သည်။