၂၀၁၉ ခုနှစ် ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးပွဲတွင် ဒစ်ဂျစ်တယ်ယူနန်ပြခန်းကို ပထမဆုံးအကြိမ်စီစဉ်ထား၍ 5G အင်တာနက်ကို ထိတွေ့ခံစားနိုင်မည်

2019-06-11 18:49:46 |သတင်းအရင်းအမြစ် 新华网

၂၀၁၉ ခုနှစ် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံကုန်စည်ပြပွဲနှင့်ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးပွဲ(အောက်ပိုင်းတွင် ကုန်သွယ်ညှိနှိုင်းပွဲဟု အတိုခေါ်သည်)သည် ဇွန်လ ၁၂ ရက်မှ ၁၈ ရက်နေ့အထိ ကူမင်းတျိန်ချီအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာတွင် ကျင်းပမည်ဖြစ်ကြောင်း ဇွန်လ ၁၀ ရက်နေ့က ကျင်းပသော ကုန်သွယ်ညှိနှိုင်းပွဲသတင်းစာရှင်းလင်းပွဲမှ သိရပါသည်။ အဆိုပါကုန်သွယ်ညှိနှိုင်းပွဲသည် “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”ဆိုင်ရာရင်းနှီးမြှုပ်နှံမှုနှင့်ပူးပေါင်းဆောင်ရွက်မှုပြခန်း၊ အစိမ်းရောင်စွမ်းအင်ပြခန်း၊ သစ်တောဂေဟထုတ်ကုန်ပြခန်းနှင့် ဒစ်ဂျစ်တယ်ယူနန်ပြခန်းများကို ပထမအကြိမ်အဖြစ် စီစဉ်ထားသည်။ ဒစ်ဂျစ်တယ်ယူနန်ပြခန်းသည် တတိယထပ် နံပါတ် ၇ ပြခန်းဖြစ်ပြီး နည်းပညာအမျိုးမျိုးဖြင့် နက်ရှိုင်းစွာ ထိတွေ့ခံစားနိုင်၍ 5G အင်တာနက်ကို လက်လှမ်းမှီစေမည် ဖြစ်ပါသည်။

 

“ယူနန်ပြည်နယ်ဒစ်ဂျစ်တယ်စီးပွားရေး လျင်မြန်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နေပါတယ်။ ဒီတစ်ကြိမ်ကုန်သွယ်ညှိနှိုင်းပွဲက ‘အင်တာနက်+ပြခန်း’ဖြစ်တဲ့ ‘နှစ်မျိုးပြိုင်ပြပွဲ’ပုံစံ ဖြစ်နေပါတယ်။ ‘ဒစ်ဂျစ်တယ်ယူနန်၊ နိုင်ငံတကာမျှဝေခံစား’ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ပြပွဲတစ်ခုလုံးမှာ 5G အင်တာနက်လွှမ်းခြုံထားပြီး 4K ၊ AI ၊ AR ၊ VR စတဲ့ ဒစ်ဂျစ်တယ်နည်းပညာများကို အပြည့်အစုံမီးမောင်ထိုးပြသသွားမှာ ဖြစ်ပါတယ်။ ပြပွဲဆိုင်ရာဒစ်ဂျစ်တယ်၊ အသိဉာဏ်၊ စမတ် စတဲ့အရည်အချင်းတွေကို အဆက်မပြတ် မြှင့်တင်ရမယ်။ ‘ဒစ်ဂျစ်တယ်ယူနန်’ပြခန်းနဲ့ 5G အင်တာနက်ထိတွေ့ခံစားပြခန်းမှာ ‘ဖုန်းတစ်လုံးဖြင့် ယူနန်ပြည်နယ်ခရီးလှည့်လည်’၊ ‘ဖုန်းတစ်လုံးဖြင့် အလုပ်ကိစ္စကို ဖြေရှင်းဆောင်ရွက်’၊ ‘ဖုန်းတစ်လုံးဖြင့် ယူနန်ပြည်နယ်ထွက်ကုန်စုစည်း’စတဲ့ ဒစ်ဂျစ်တယ်စီးပွားရေးရလဒ်ကို ပြသပေးပြီး လာရောက်လေ့လာသူအတွက် ‘နည်းပညာသည် နေထိုင်မှုဘ၀အရည်အသွေးကို မြှင့်တင်နိုင်’ဆိုတဲ့ ဒစ်ဂျစ်တယ်ထိတွေ့ခံစားမှုကို တင်ဆက်ပေးပါမယ်။”ဟု ယူနန်ပြည်နယ် ဒုအုပ်ချုပ်ရေးမှူး၊ ၂၀၁၉ ခုနှစ် ကုန်သွယ်ညှိနှိုင်းပွဲ ဦးစီးကျင်းပကော်မတီတာဝန်ရှိသူ ကျန်းကိုဟွာက မိတ်ဆက်ပြောကြားပါသည်။

ထို့အပြင်“ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”ဆိုင်ရာရင်းနှီးမြှုပ်နှံမှုနှင့်ပူးပေါင်းဆောင်ရွက်မှုပြခန်းနှင့် အစိမ်းရောင်စွမ်းအင်ပြခန်းများကို စီစဉ်ထားခြင်းမှာလည်း ဤတစ်ကြိမ်ကုန်သွယ်ညှိနှိုင်းပွဲရှိ ထူးခြားသော အကြောင်းအရာ ၂ ခုဖြစ်သည်။ “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”ဆိုင်ရာရင်းနှီးမြှုပ်နှံမှုနှင့်ပူးပေါင်းဆောင်ရွက်မှုပြခန်းသည် မြို့နယ်အသီးသီး၊ ပြည်နယ်ခွဲအသီးသီး၊ နည်းပညာဇုန်အသီးသီးသည် နည်းအမျိုးမျိုးဖြင့် ယူနန်ပြည်နယ်ဆိုင်ရာတံခါးဖွင့်ရှေ့တန်းတွင် ရပ်တည်ဆောင်ရွက်နေကြောင်း၊ ဗဟိုအနေဖြင့် ဖြာထွက်နေကြောင်း၊ “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”တည်ဆောက်၍ အောင်မြင်မှုရရှိကြောင်းများကို အစစအရာရာပြည့်စုံစွာ ပြသနိုင်ရန် ရည်ရွယ်ထားသည်။ သီးခြားစီစဉ်ထားသော အစိမ်းရောင်စွမ်အင်ပြခန်း၊ သစ်တောဂေဟထုတ်ကုန်ပြခန်း၊ ဇီဝဆေးဝါးနှင့်ကျန်းမာရေးပြခန်း၊ အစိမ်းရောင်းအစားအစာပြခန်းစသည့် အစိမ်းရောင်ဂေဟပြခန်း ၄ ခုသည် စွမ်းအင်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဒစ်ဂျစ်တယ်စနစ်သစ်၊ စမတ်ရေစီးကြောင်းကို အဓိကပြသပြီး ယူနန်ပြည်နယ်အစိမ်းရောင်စွမ်းအင်နည်းပညာထွက်ကုန်၊ အစိမ်းရောင်လယ်ယာထွက်ကုန်၊ ကုန်းမြင့်ဒေသထွက်ကုန်၊ ယူနန်ပြည်နယ်ဂေဟခရီးသွားလာရေးနှင့် ကျန်းမာရေးထွက်ကုန်များကို နေရာအသီးသီးမှ လာရောက်သော ဧည့်သည်များအတွက် မိတ်ဆက်ပေးသည်။ ယူနန်ပြည်နယ်ဆိုင်ရာကမ္ဘာ့ထိပ်သီး“အကြောင်း ၃ ခု”ကို အဆက်မပြတ်တည်ထောင်ရန် ခိုင်မာသော ဆုံးဖြတ်ချက်နှင့် ခိုင်မာသော ယုံကြည်ချက်တို့ဖြင့် အစစအရာရာအပြည့်အစုံဆောင်ရွက်နေပါသည်။

သတိထားသင့်သည်မှာ ယနှစ် ကုန်သွယ်ညှိနှိုင်းပွဲဖွင့်ပွဲကျင်းပသည့်နေ့တွင် “အမြဲတမ်းတည်ရှိသောကုန်သွယ်ညှိနှိုင်းပွဲ”ကို တရားဝင်စတင်ဖွင့်လှစ်မည်ဖြစ်သည်။ နိုင်ငံတော်ရုပ်ပုံလွှာပြခန်း၊ ထူးခြားသောကုန်စည်ကို ရောင်းဝယ်ရေးပြခန်း၂ ခန်းကို ပထမအကြိမ်စီစဉ်ထားသည်။ နိုင်ငံတော်ရုပ်ပုံလွှာပြခန်းသည် နံပါတ် ၁၄ ပြခန်းတွင် တည်ရှိ၍ တောင်အာရှနိုင်ငံ၊ အရှေ့တောင်အာရှနိုင်ငံ ပြခန်း ၁၈ ခန်းပါရှိပြီး လက်ရှိတွင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ရောက်ရှိနေပြီဖြစ်သည်။ ထူးခြားကုန်စည်ရောင်းဝယ်ရေးပြခန်းသည် နံပါတ် ၁၄ ပြခန်းတွင် တည်ရှိ၍ ရောင်းဝယ်ရေးဧရိယာ ၇ ခုရှိပြီး တောင်အာရှနိုင်ငံ၊ အရှေ့တောင်အာရှနိုင်ငံမှ ကုမ္ပဏီစုစုပေါင်း ၂၀ ရောက်ရှိနေပြီဖြစ်သည်။ ပြတိုက်သည် Bonded ကုန်ပစ္စည်း၊ dutiable ကုန်စည်များကို online ရောင်းချခြင်းနှင့် offline ရောင်းချခြင်း၊ လက်လီရောင်းချခြင်းနှင့် လက်ကားရောင်းချခြင်းစသည့်နည်းလမ်းဖြင့် တောင်အာရှနိုင်ငံ၊ အရှေ့တောင်အာရှနိုင်ငံထွက်ကုန်များကို တစ်နှစ်တာပတ်လုံးပြသရောင်းချပြီး ပြပွဲဆိုင်ရာအကျိုးရလဒ်ကို တိုးတက်စေသည်။ “အမြဲတန်းတည်ရှိသောကုန်သွယ်ညှိနှိုင်းပွဲ”ကို အားသွန်ခွန်စိုက်တည်ထောင်ရန် ဆောင်ရွက်ပါသည်

ယနှစ် ကုန်သွယ်ညှိနှိုင်းပွဲတွင် ၆၀ ဘီလီယံကျော်တန်ဖိုးရှိသောစီမံကိန်းကို စာချုပ်ချုပ်ဆိုထားရှိနိုင်ကြောင်း သတင်းအရသိရှိရပါသည်။ ၎င်းအနက်တွင် ပြည်တွင်းစီမံကိန်းသည် ၆၀ ဘီလီယံရှိသည်။ ပြည်ပစီမံကိန်း(ပြည်ပသို့ရင်းနှီးမြှုပ်နှံခြင်း(သို့)ပြည်ပမှရင်းနှီးမြှုပ်နှံခြင်း)သည် ၂.၆ဘီလီယံရှိသည်။

သတင်းထောက်။ ။ လျိုရှင်းဝေ့ (ဆင်ဟွာသတင်းဌာန)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006