“ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၊ ပူးပေါင်းဆောင်ရွက်မှုပြခန်းက လှိုက်လှိုက်လှဲလှဲစောင့်ကြိုလျက်ရှိ

2019-06-13 18:04:22 |သတင်းအရင်းအမြစ် 云南日报

ကျင်းမာဘိဂျီးရပ်ကွက်သည် ခန့်ညားအားမာန်ပြည့်ဝကြောင်း၊ တျိန်ချီရေကန်တွင် အဖြူရောင်စင်ရော် မြူးကြွပျံဝဲနေကြောင်း၊ ယူနန်ပြည်နယ်မြေပေါ်တွင် ခေတ်သစ်အသွင်ရှိ အမြန်ရထားများ လျင်မြန်စွာပြေးလွှားနေကြောင်းစသည့် “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၊ ပူးပေါင်းဆောင်ရွက်မှုပြခန်း အထွေထွေပြကွက်အတွင်းရှိ နစ်မွန်းခံစားနေရာတွင် အသံ၊ အလင်းရောင်၊ လျှပ်စစ်ဓာတ်အားစသည့် သိပ္ပံနည်းပညာဖြင့် ၃၆၀ ဒီဂရီ ရှုထောင့် ပုံဖော်စက်များပံ့ပိုးမှုဖြင့် ယူနန်ပြည်နယ်ရှိ သာယာလှပသော ရှုခင်းများ၊ ပထ၀ီအနေအထားအားသာချက်များအား လည်ပတ်ကြည့်ရှုသူများအတွက် တင်ဆက်ပြသပေးနေသည်။

ဇွန်လ ၁၂ ရက်နေ့တွင် သတင်းထောက်သည် အဖြူရောင်နှင့်အပြာရောင်ဖြင့် မွမ်းမံဆင်ယင်ထားသော ဒေသနှင့်လုပ်ငန်းကုမ္ပဏီဆိုင်ရာ ထူးခြားချက်ပါရှိသော “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”ဆိုင်ရာရင်းနှီးမြှုပ်နှံမှု၊ ပူးပေါင်းဆောင်ရွက်မှုပြခန်းသို့ ရောက်ရှိသည်။ ယူနန်ပြည်နယ် အလယ်ပိုင်းရှိဇုန်အသစ်၊ နိုင်ငံတော်အဆင့် ကူမင်းမြို့ စီးပွားရေးနှင့် သိပ္ပံနည်းပညာအကျိုးဖြစ်ထွန်းဇုန်၊ ကူမင်းမြို့ လွတ်လပ်သောကုန်သွယ်ရေးဇုန်၊ ဟွန်ဟယ်ဟားနီလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ လွတ်လပ်သောကုန်သွယ်ရေးဇုန်စသည့် တံခါးဖွင့်ပလက်ဖောင်းအားလုံးကို ပြသထားပြီး ယူနန်ပြည်နယ်ဆိုင်ရာ အဆင့်မြင့်တံခါးဖွင့် ရုပ်ပုံလွှာကိုထင်ဟပ် ဖော်ပြထားသည်။

ကူမင်းမြို့လွတ်လပ်သောကုန်သွယ်ရေးဇုန်သည် ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးပွဲမှတဆင့် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံများသာမက ဥရောပနိုင်ငံနှင့် အမေရိကနိုင်ငံမှ လုပ်ငန်းကုမ္ဗဏီများကို ရင်းနှီးမြှုပ်နှံ၍ ဖွံ့ဖြိုးတိုးတက်ရန် ဆွဲဆောင်ဖိတ်ခေါ်သွားမည်ဟု ကူမင်းမြို့လွတ်လပ်သော ကုန်သွယ်ရေးဇုန်မှ သက်ဆိုင်ရာပန်ထမ်းက မိတ်ဆက်ပြောကြားပေးသည်။ ပထမဆုံးအကြိမ်စီစဉ်ထားသော“ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”ဆိုင်ရာရင်းနှီးမြှုပ်နှံမှု၊ ပူးပေါင်းဆောင်ရွက်မှုပြခန်းသည် ကျွန်တော်တို့အတွက် ပြသတင်ဆက်ရန် ပလက်ဖောင်းကို ထောက်ပံ့ပေးပြီး ကျွန်တော်တို့သည် ရင်းနှီးမြှုပ်နှံရန်အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်မည်ဖြစ်ကြောင်း၊ အဆင့်မြင့်စက်ယန္တရားထုတ်လုပ်ရေးလုပ်ငန်းကို မူတည်ပြီး“သိုက် ကောင်းအောင်တည်ထောင်၊ ဇာမဏီငှက် ရောက်အောင် ဆွဲဆောင်”ဟူသော ဆိုရိုးစကားအတိုင်း ကြိုးစား၍ ကူမင်းမြို့ စီးပွားရေးနှင့် သိပ္ပံနည်းပညာအကျိုးဖြစ်ထွန်းဇုန်ရှိ ကုမ္ပဏီများ“အပြင်သို့ထွက်ခြင်း”ဆောင်ရွက်ပြီး နိုင်ငံတော်စီမံကိန်းဖြစ်သော“ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”ကို တည်ထောင်ရန် တွန်းအားပေးမည်ဖြစ်ကြောင်း ကူမင်းမြို့ စီးပွားရေးနှင့် သိပ္ပံနည်းပညာအကျိုးဖြစ်ထွန်းဇုန်ဆိုင်ရာ သက်ဆိုင်ရာပန်ထမ်းက ပြောသည်။

 

ယူနန်ပြည်နယ်အတွင်းရှိ တံခါးဖွင့်ပလက်ဖောင်းကို တင်ပြသည့်အပြင် HUAWEI 5G ဖုန်း၊ CRRC Rail TRANSIT EQUIPMENT CO.,LTD မှ ခေတ်သစ်စွမ်းအင်သုံးဓာတ်ရထားစသည့် အဆင့်မြင့်သိပ္ပံနည်းပညာကုန်စည်နှင့် ကုန်ထုတ်ရေးလုပ်ငန်းများသည်လည်း“ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၊ ပူးပေါင်းဆောင်ရွက်မှုပြခန်းတွင် ပုလဲစီခြယ်ထားသကဲ့သို့ ဖြစ်နေသည်။

“မျက်မှောက်မှာ ခေတ်သစ်စွမ်းအင်သုံးဓာတ်ရထားက မီလဲ့မြို့နှင့် ချူးပေမြို့မှာ အသုံးပြုနေတယ်။ မဝေးတော့တဲ့ အနာဂတ်မှာ ရွှေလီမြို့မှာလည်း အသုံးပြုမယ်။ နောက်ပြီးတော့ HUAWEI Park အကြားက လမ်းပြရထားကိုလည်း လိကျန်းမြို့ ခရီးသွားလည်ပတ်ရထားလမ်းကြောင်းမှာလည်း တွေ့နိုင်မယ်။”ဟု ကူမင်းမြို့ CRRC Rail TRANSIT EQUIPMENT CO.,LTD မှ အထွေထွေလက်ထောက်မန်နေဂျာ ကျူးရှောင်ချီက ပြခန်းကောင်တာတွင် မိတ်ဆက်ပေးသည်။

CRRC Rail TRANSIT EQUIPMENT CO.,LTD သည် ယူနန်ပြည်နယ်တွင် စက်ရုံတည်ထောင်ထားပြီး ယူနန်ပြည်နယ်ဆိုင်ရာ ပထ၀ီအနေအထားအားသာချက်နှင့် အရှေ့တောင်အာရှအကြားရှိ ကောင်းမွန်သော ချစ်ကြည်ရေးကို မူတည်၍ အရှေ့တောင်အာရှဈေးကွက်ကို တိုးတက်စေချင်ပါကြောင်း၊ အနာဂတ်မှာ မိမိတို့ရထားလမ်းပန်းဆက်သွယ်ရေးနယ်ပယ်တွင် ရရှိခဲ့သော ရင့်ကျက်သည့် နည်းပညာနှင့် စီမံခန့်ခွဲမှုအတွေ့အကြုံများအား အသုံးပြု၍ ယူနန်ပြည်နယ်ဆိုင်ရာ ရထားလမ်းပန်းဆက်သွယ်ရေးလုပ်ငန်းကွန်ရက်ကို ပိုမိုပြည့်စုံကောင်းမွန်စေရန် လုပ်ဆောင်ပြီး ယူနန်ပြည်နယ်ဆိုင်ရာ အဆင့်မြင့်စက်န္တရားထုတ်လုပ်ရေးအရည်အချင်းကို မြှင့်တင်ပေးမည်ဖြစ်ပါကြောင်း ကျူးရှောင်ချီ၏ မိတ်ဆက်ပေးချက်အရ သိရပါသည်။

 

သတင်းထောက်။ ။ ၀ူဖိန်(ယူနန်နေ့စဉ်သတင်းစာ)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006