မဲခေါင်မြစ် မြစ်ဝှမ်းဒေသနိုင်ငံများမှ မီဒီယာကိုယ်စားလှယ်အဖွဲ့သည် ယူနန်နေ့စဉ်သတင်းစာအဖွဲ့သို့ သွားရောက်လေ့လာကြည့်ရှု

2019-06-14 18:07:26 |သတင်းအရင်းအမြစ် 云南日报

ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ၇ ကြိမ်မြောက် တရုတ်-မဲခေါင်မြစ်မြစ်ဝှမ်းဒေသမီဒီယာများအကြား အပြန်အလှန်ပုံမှန် လေ့လာဖလှယ်ရေးလှုပ်ရှားမှုတွင် ပါဝင်သော သတင်းအရာရှိနှင့် သတင်းထောက်များသည် ယူနန်နေ့စဉ်သတင်းစာအဖွဲ့သို့ သွားရောက်လေ့လာကြည့်ရှုသည်။ အဆိုပါလှုပ်ရှားမှုသည် နိုင်ငံတော်ကောင်စီပြန်ကြားရေးဌာနမှ ထောက်ပံ့၍ ယူနန်ပြည်နယ်အစိုးရ ပြန်ကြားရေးဌာနက ကြီးမှူးကျင်းပပါသည်။ အဆိုပါအဖွဲ့တွင် ကိုယ်စားလှယ်အဖွဲ့ဝင် ၁၆ ဦးပါရှိပြီး ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ ဖြစ်ပါသည်။

 

ကိုယ်စားလှယ်အဖွဲ့သည် ယူနန်ကွန်ရက်၊ ကူမင်းညနေခင်းသတင်းစာနှင့် ယူနန် Gateway စသည့်သတင်းဌာနများသို့ သွားရောက် လေ့လာကြည့်ရှုခဲ့ပြီး မီဒီယာများဗဟိုကွပ်ကဲမှုစင်တာတွင် ကူးလူးဖလှယ်ရေးအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။
 
ယူနန်နေ့စဉ်သတင်းစာအဖွဲ့မှ တာဝန်ရှိသူသည် ယူနန်နေ့စဉ်သတင်းစာအဖွဲ့ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုသမိုင်းကြောင်း၊ မီဒီယာအစုအဖွဲ့ ဖွဲ့စည်းခြင်းအကြောင်း၊ လုပ်ငန်းအမျိုးမျိုးအကြောင်း၊ တောင်အာရှ၊ အရှေ့တောင်အာရှဒေသရှိ အပြည်ပြည်ဆိုင်ရာပုံစံသစ်မီဒီယာအဖွဲ့ကို တည်ထောင်ရန် ကြိုးစားဆောင်ရွက်နေပါကြောင်းစသည်တို့ကို မိတ်ဆက်ပြောကြားသည်။ ယူနန်နေ့စဉ်သတင်းစာအဖွဲ့သည် “အပြင်သို့ထွက်”ပြီး တရုတ်ပုံပြင်ကို ပြောပြခြင်းနှင့် ယူနန်အသံ ပြန်ကြားခြင်းဆိုင်ရာ အကျိုးရလဒ်ကို အဓိကမိတ်ဆက်ပေးပါသည်။ ယူနန်နေ့စဉ်သတင်းစာအဖွဲ့သည် အမေရိကန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံစသည့် နိုင်ငံ ၉ နိုင်ငံရှိ အဓိကမီဒီယာသတင်းစာတွင် ရှေ့စဉ်နောက်ဆက်စွာနှင့် ဘာသာစကား ၆ မျိုးဖြင့် ၁၂ စုံရှိသော“တရုတ်နိုင်ငံ-ယူနန်ပြည်နယ်”သီးခြားဂျာနယ်စာမျက်နှာကို တင်ပြထားပြီး မြန်မာဘာသာ“မင်္ဂလာပါ”မဂ္ဂဇင်း၊ ထိုင်းဘာသာ“မဲခေါင်မြစ်”မဂ္ဂဇင်း၊ လာအိုဘာသာ“ကျန်ပါး”မဂ္ဂဇင်း၊ ကမ္ဘောဒီးယားဘာသာ“ခမာ”မဂ္ဂဇင်းများကို ထုတ်ဝေပါသည်။ ထို့အပြင် ဘာသာမျိုးစုံဝက်ဆိုက်“ယူနန် Gateway(http://www.yunnangateway.com/)”ကို ဖွင့်လှစ်ထားပြီး တရုတ်နိုင်ငံအတွင်းရှိ ပထမဆုံးဘာသာမျိုးစုံ Wechat public account ဖြစ်သော“လန်-မဲပါတီ”ကိုလည်း ဖွင့်ထားပါသည်။ FACEBOOK နှင့် twitter စသည့် ပြည်ပလူမှုမီဒီယာတွင် “Amazing Yunnan”ဟူသော account ဖြင့် သတင်းများထုတ်ပြန်ပါသည်။ ကိုယ်စားလှယ်အဖွဲ့သည် ယူနန်နေ့စဉ်သတင်းစာအဖွဲ့ဆိုင်ရာ အပြည်ပြည်ဆိုင်ရာသတင်းပြန်ကြားရေးစွမ်းရည်အတွက် ချီးကျူးဂုဏ်ပြုကြပါသည်။

 

ထို့အပြင် ကိုယ်စားလှယ်အဖွဲ့သည် ယူနန်နေ့စဉ်သတင်းစာအဖွဲ့ပင် ပိုင်ဆိုင်သော အော်တိုကော်ရည်ပုံနှိပ်ခြင်းနည်းပညာကိုလည်း အသေးစိတ်လေ့လာကြပါသည်။

ယူနန်နေ့စဉ်သတင်းစာအဖွဲ့သို့ လေ့လာကြည့်ရှုရာတွင် ကမ္ဘောဒီးယားနိုင်ငံပြန်ကြားရေးဝန်ကြီးဌာန ဒုပြည်နယ်အတွင်းရေးမှူး H.E. PhD CHHEANLEANG သည် သူငယ်ချင်းဟောင်းများနှင့်တွေ့ဆုံသောကြောင့် အင်မတန်ဝမ်းသာနေသည်။ “ဒီနှစ်ဟာ ကျွန်တော် ယူနန်ပြည်နယ်ကို ရောက်ရှိတာ စတုတ္ထအကြိမ် ဖြစ်ပါတယ်။ ယူနန်နေ့စဉ်သတင်းစာအဖွဲ့နဲ့ ရင်းနှီးသိကျွမ်းပါတယ်။ သူငယ်ချင်းဟောင်းများက ယူနန်နေ့စဉ်သတင်းစာအဖွဲ့မှာ အလုပ်ဝင်နေကြတယ်။ ကမ္ဘောဒီးယားနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနနှင့် ယူနန်နေ့စဉ်သတင်းစာအဖွဲ့များက သူငယ်ချင်းကောင်းတွေ ဖြစ်ပါတယ်။”

 

လာအိုနိုင်ငံပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန အများပြည်သူ့မီဒီယာဦးစီးဌာနမှူး ဗီလားဘူ•ရှီးဟားဝါလားသည် ဘာသာမျိုးစုံ“ယူနန် Gateway(http://www.yunnangateway.com/)”ကို ကြည့်ရှုရာတွင် ယူနန်ပြည်နယ်နှင့် လာအိုနိုင်ငံ“Vientiane Times”အတူ ပူးပေါင်းဆောင်ရွက်သော“တရုတ်နိုင်ငံ-ယူနန်ပြည်နယ်”သီးခြားဂျာနယ်စာမျက်နှာဆိုင်ရာ အီလက်ထရောနစ်ပုံစံကို မြင်ရပြီးနောက် လာအိုနိုင်ငံမှ ပါရှိလာသော“တရုတ်နိုင်ငံ-ယူနန်ပြည်နယ်”သီးခြားသတင်းစာကို ချက်ချင်းပင် ထုတ်ပြ၍ “ဒါက ရှေ့တစ်ပတ်က ထုတ်ဝေတဲ့သတင်းစာပါ။ ၂၀၁၉ ခုနှစ် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံများကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုကုန်သွယ်ညှိနှိုင်းပွဲအကြောင်းအရာများ ပါရှိပါတယ်။ လာအိုနိုင်ငံနှင့် ယူနန်ပြည်နယ်များသည် သတင်းနယ်ပယ်တွင် နက်ရှိုင်းများပြားစွာ ပူးပေါင်းဆောင်ရွက်နိုင်အောင် ကျွန်တော်မျှော်လင့်ပါတယ်။”ဟု သူက ပြောပြပါသည်။

 

သတင်းထောက်။ ။လျှိုရွန်(ယူနန် Gateway)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006