ဇွန်လ(၁၇)ရက်နေ့က တည်ဆောက်ဆဲ တရုတ်-လာအို ရထားလမ်းကြောင်း တရုတ်ပြည်တွင်း ရှင်ဖိန်ဥမင်လိုဏ်ခေါင်း၏ အထောက်အကူပြုလိုဏ်ခေါင်း(၄)ခုကို ဖောက်လုပ်ပြီးစီးခဲ့သည်။ တရုတ်-လာအို ရထားလမ်းကြောင်း တရုတ်ပြည်တွင်းပိုင်း အဓိကစီမံကိန်း တည်ဆောက်ရေး၏ အရေးပါ သော မြှင့်တင်မှုကို ဖော်ဆောင်ခဲ့ကြောင်း သိရပါသည်။
တရုတ်-လာအိုရထားလမ်းကြောင်းသည် တရုတ်နိုင်ငံ ''ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်'' အဆိုပြုချက်ကို တင်ပြပြီးနောက် တရုတ်နိုင်ငံသည် အဓိကရင်းနှီးမြှုပ်နှံသူအနေနှင့် ပထမဦးဆုံး တည်ဆောက်သော၊ လမ်းတစ်လျှောက်တွင် တရုတ်နည်းပညာစံချိန်စံညွှန်းအတိုင်း တရုတ်နိုင်ငံထုတ် စက်ကိရိယာဖြင့် တရုတ်ရထားလမ်းကြောင်းကွန်ရက်နှင့် တိုက်ရိုက်ချိတ်ဆက်သော အပြည်ပြည်ဆိုင်ရာ ရထားလမ်းကြောင်း ဖြစ်ပါသည်။ ရထားလမ်းအရှည်မှာ ကီလိုမီတာ ၁၀၀၀ ကျော် ရှည်လျားပါသည်။
တရုတ်သတင်းစာတိုက် သတင်းထောက် -- Ren Dong