အီရန်နိုင်ငံအနေဖြင့် အီရန်-တရုတ်ဆက်ဆံရေးကို အထူးအလေးထားရာ တရုတ်နိုင်ငံကိုလည်း ၎င်း၏ ရေရှည်မဟာဗျူဟာမြောက်မိတ်ဖက်အဖြစ် သဘောထားကြောင်း ၊ ရပ်ဝန်းနှင့်ပိုးလမ်းမ တည်ဆောက်မှုတွင် တက်ကြွစွာပါဝင်ဆောင်ရွက်သွားပြီး နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများအား ဘက်စုံထဲထဲဝင်ဝင်ဆောင်ရွက်သွားလိုကြောင်း အီရန်နိုင်ငံ သမ္မတ ရိုဟာနီက အီရန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ချန်ဟွာ၏ သံအမတ်ခန့်အပ်လွှာကို လက်ခံစဉ် ဇွန် ၁၇ ရက်က ပြောကြားခဲ့သည်ဟု သိရသည်။
အီရန်နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ချန်ဟွာကလည်း အီရန်သည် အရှေ့အလယ်ပိုင်းဒေသတွင် အရေးပါသည့် နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံတကာနှင့်ဒေသရေးရာတွင် သီးခြားလွတ်လပ်သည့် သံတမန်ရေးမူဝါဒကို လက်ကိုင်၍ အီရန် နျူကလီးယားသဘောတူညီချက်ကို ထိန်းသိမ်းကာ ဗိုလ်ကျစိုးမိုးရေးနှင့် တစ်ဖက်သတ်မူဝါဒများကို ဆန့်ကျင်လျက်ရှိရာ အဆက်မပြတ်အောင်မြင်မှုသစ်များ ရရှိစေလိုကြောင်း ပြောကြားခဲ့သည်။(Xinhua)