၂၀၁၉ ခုနှစ် ကုန်သွယ်ညှိနှိုင်းပွဲတွင် အောင်မြင်မှုများ ဆက်လက်ရရှိခဲ့

2019-06-19 18:43:05 |သတင်းအရင်းအမြစ် 云南日报

၂၀၁၉ ခုနှစ် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံများ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှု ကုန်သွယ်ညှိနှိုင်းပွဲ(အောက်တွင် ကုန်သွယ်ညှိနှိုင်းပွဲ ဟု အတိုချုံးခေါ်သည်) အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ရာ အောင်မြင်မှုများ ဆက်လက်ရရှိခဲ့ကြောင်း ဇွန်လ ၁၈ ရက်နေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲမှ သိရပါသည်။

 

ကုန်သွယ်ညှိနှိုင်းပွဲသည် ယူနန်ပြည်နယ် “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”တည်ဆောက်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးမှုမဟာဗျူဟာကို ဝိုင်းဝန်းဖော်ဆောင်သည့် အရေးပါ ဆောင်ရွက်ချက်ဖြစ်ပြီး အရေးကြီးသော စီးပွားကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းသစ် ဖြစ်ပါသည်။ ယခုအကြိမ် ကုန်သွယ်ညှိနှိုင်းပွဲသည် အလွှာပေါင်းစုံမှ သဘောတူညီချက်များစွာ ရရှိခဲ့သည်။ စာရင်းဇယားများအရ တရုတ်ပြည်တွင်းပြည်ပ ဝန်ကြီးဌာနနှင့် ဒေသအသီးသီးမှ အရာရှိများ၊ တရုတ်နိုင်ငံဆိုင်ရာ သံတမန်များ၊ သက်ဆိုင်ရာနိုင်ငံတကာ အဖွဲ့အစည်းမှ တာဝန်ရှိသူများ စသည့် တရုတ်ပြည်တွင်းပြည်ပဧည့်သည်ပေါင်း (၂၈၀၀)ဦး သည် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ကြကြောင်း သိရပါသည်။ ကုန်သွယ်ညှိနှိုင်းပွဲ၏ လှုပ်ရှားမှုတွင် စီးပွားကုန်သွယ်ရေး၊ ယဉ်ကျေးမှု၊ အနုပညာ စသည့်နယ်ပယ်အသီးသီး ပါဝင်ပြီး တရုတ်ပြည်တွင်းပြည်ပဧည့်သည် (၅၅၀၀)ကျော်သည် တက်ရောက်ခဲ့သည်။ နိုင်ငံအသီးသီး၏ ကောင်းမွန်သော ပုံရိပ်ကို အပြည့်အ၀ဖော်ဆောင်ပြီး တရုတ်နိုင်ငံနှင့် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံများအကြား စီးပွားကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး၊ လူမှုဖလှယ်ရေးကို မြှင့်တင်ကာ နိုင်ငံအသီးသီးမှ ပြည်သူလူထုတို့ ချစ်ကြည်ရေးကို တိုးပွားစေနိုင်ခဲ့သည်။

 

ကုန်သွယ်ညှိနှိုင်းပွဲသည် ကျင်းပသောနည်းလမ်းကို ဆန်းသစ်တီထွင်ပြီး စီးပွားကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးကို အဖက်ဖက်က နက်ရှိုင်းစေသည်။ ယခုအကြိမ် ကုန်သွယ်ညှိနှိုင်းပွဲတွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သည် တံခါးဖွင့်ပြုပြင်ပြောင်းလဲမှု ပုံရိပ်သစ်နှင့် တံခါးဖွင့်လှစ်မှု အဆင့်အတန်းသစ်ကို အရေးပါအကြောင်းအရာအဖြစ် သတ်မှတ်ထားကာ စုဝေးခင်းကျင်းပြသခြင်း ဖြစ်ပါသည်။ စမတ်ပုံစံ၊ မြစိမ်းရောင်ပုံစံ၊ နိုင်ငံတကာပုံစံ၊ နာမည်ကျော်ကြားသော အမှတ်တံဆိပ် စသည့် ထူးခြားချက်များ ထင်ရှားပေါ်လွင်စေပြီး ပြပွဲခင်းကျင်းပြသခြင်း၏ အထွေထွေအရည်အသွေးမှာလည်း ယခင်ကထက် များစွာမြင့်တက်ခဲ့သည်။ ထို့နည်းတူစွာ ဈေးကွက်ကို စူးစမ်းရှာဖွေပြီး ပြပွဲကိုကျင်းပရန် ကြိုးပမ်းဆောင်ရွက်ပါသည်။ အထူးခွင့်ပြုသော ကြော်ငြာဖြန့်ဖြူးရေးကို ဗဟိုပြုသော အမည်ကောင်းတံဆိပ် လည်ပတ်မှုပလက်ဖောင်းကို ထူထောင်ပါသည်။ ကုန်သွယ်ညှိနှိုင်းပွဲ၏ အမည်ကောင်းတံဆိပ်မှ အရင်းအမြစ်ကို ပေါင်းစပ်ကာ ပထမဆုံးအကြိမ် အသုံးပြုပြီး သက်ဆိုင်ရာလုပ်ငန်းအဖွဲ့များနှင့် အောင်မြင်မှုကို အတူခံစားရန် ဖြစ်မြောက်ခဲ့သည်။ ယခုအကြိမ် ကုန်သွယ်ညှိနှိုင်းပွဲသည် မြစိမ်းရောင်စွမ်းအင်ပြခန်း၊ သစ်တောဂေဟစနစ်ထုတ်ကုန်ပြခန်း၊ ဇီဝဆေးဝါးနှင့်ကျန်းမာရေးပြခန်းနှင့် မြစိမ်းရောင်စားသောက်ကုန်ပြခန်း စသည့် မြစိမ်းရောင်ဂေဟစနစ်ဟူသော အဓိကဆောင်ပုဒ်ဖြင့် ပြခန်းများကို ခင်းကျင်းပြသထားပါသည်။ ထို့အပြင် “အင်တာနက်+ပြပွဲ”ဟူသော ပုံစံဖြင့် “ဒီဂျစ်တယ်ယူနန်၊ ကမ္ဘာနှင့် အတူမျှဝေခံစားခြင်း”ကို ထင်ရှားပေါ်လွင်စေခဲ့သည်။ တျိန်ချီအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် အင်တာနက် 5G ပထမဆုံးအကြိမ် အသုံးပြုနိုင်ရန် စီစဉ်ပေးခဲ့သည်။ 4K, AI စသည့် ဒီဂျစ်တယ်နည်းပညာကို အပြည့်အ၀ အသုံးပြုကာ ကုန်သွယ်ညှိနှိုင်းပွဲ၏ ဝန်ဆောင်မှုကို လက်တွေ့ကျကျ ဖော်ဆောင်ခဲ့သည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006