မြန်မာနိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးသံအမတ်ခန့်အပ်လွှာပေးအပ်

2019-06-19 18:46:19 |သတင်းအရင်းအမြစ် 新华网

မြန်မာနိုင်ငံသည် မြန်မာ-တရုတ် ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးအား ဆက်လက်နက်ရှိုင်းအောင်ဆောင်ရွက်ပြီး နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူများအား ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ဇွန်လ ၁၈ ရက် ၌ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်သစ် မစ္စတာချန်ဟိုင်(Mr. Chen Hai) ပေးအပ်သည့် သံအမတ်ခန့်အပ်လွှာအခမ်းအနားတွင် ပြောကြားခဲ့သည်။

သမ္မတ ဦးဝင်းမြင့်က မြန်မာနိုင်ငံသည် မြန်မာ-တရုတ် အစဉ်အလာ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးကို တန်ဖိုးထားပြီး တရုတ်နိုင်ငံနှင့်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်စေရန် များစွာအလေးထားပါကြောင်း၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ် စသည့်အရေးကိစ္စများ၌ မြန်မာနိုင်ငံအပေါ် အားပေးထောက်ခံအကူအညီပေးအပ်သည့်အပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်နိုင်ငံနှင့်အတူကြိုးပမ်း၍ နှစ်နိုင်ငံ “Belt and Road” နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံအတူတကွတည်ဆောက်ရေးအား တက်တက်ကြွကြွ တွန်းအားပေးဖော်ဆောင်မည်ဖြစ်ကြောင်း၊ မြန်မာ-တရုတ်ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေးအား ဆက်လက်နက်ရှိုင်းအောင်ဆောင်ရွက်ပြီး နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအား ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

သံအမတ်ကြီး Mr. Chen Hai က မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံဖြစ်ကြောင်း၊ လက်ရှိတွင် တရုတ်-မြန်မာဆက်ဆံရေးသည် ကောင်းမွန်ဖွံ့ဖြိုးတိုးတက်သည့်အလားအလာကို ထိန်းသိမ်းထားလျက်ရှိပြီး ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းသစ်များနှင့် ကြုံတွေ့နေပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ နှစ်နိုင်ငံ နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုအား အဆက်မပြတ်မြင့်မားစေပြီး “Belt and Road” နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံမူဘောင်အောက်၌ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများအား နက်ရှိုင်းစေကာ တရုတ်-မြန်မာဆက်ဆံရေး အဆင့်သစ်သို့လှမ်းချီနိုင်ရန်အတွက် တွန်းအားပေးဆောင်ရွက်သွားရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့ပါသည်။ (Xinhua)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006