တရုတ်-မြန်မာ အပြည်ပြည်ဆိုင်ရာလမ်းကြောင်း တာ့လီ-လင်ချန်းရထားလမ်း၏ ရက်မကို ဇွန်လ (၁၈)ရက်နေ့က စတင်တည်ဆောက်ရာ မိနစ်(၃၀)ကျော်အကြာ ဆွဲတင်တပ်ဆင်ပြီး T ပုံသဏ္ဌာန် ရက်မကို တာ့လီပြည်နယ်ခွဲ ဝေစန်ခရိုင် ထျန်ကျဲကျေးရွာ အကြီးစားတံတားတွင် တည်ငြိမ်စွာ တည်ဆောက်ခဲ့သည်။ လမ်းကြောင်းတစ်ခုလုံးတည်ဆောက်ရေးတွင် အရေးပါသော မြှင့်တင်မှု ရရှိ ခဲ့သည်။
တာ့လီ-လင်ချန်းရထားလမ်းသည် ယူနန်ပြည်နယ် "အခြားပြည်နယ်သို့ ရထားလမ်းကြောင်း(၈)ခု၊ နိုင်ငံခြားသို့ ရထားလမ်းကြောင်း(၅)ခု" ဟူသောရထားလမ်းကွန်ရက်၏ အရေးပါသော ရထားလမ်းကြောင်း ဖြစ်ပြီး တရုတ်-မြန်မာ ရထားလမ်းကြောင်း၏ အဓိကအစိတ်အပိုင်း ဖြစ်သည်။ ဤရထားလမ်းကြောင်းမှာ ၂၀၂ ကီလိုမီတာ ရှည်လျားသည်။ စီမံချက်အရ တစ်နာရီ ၁၆၀ ကီလိုမီတာ ခုတ်မောင်းနိုင်မည် ဖြစ်သည်။ နိုင်ငံတော် I အဆင့် One-way လျှပ်စစ်ရထားလမ်းကြောင်း ဖြစ်သည်။ တည်ဆောက်ပြီးနောက် လင်ချန်းမြို့တွင် ရထားလမ်းကြောင်း မရှိသောအခြေအနေကို ပြောင်းလဲနိုင် ပါလိမ့်မည်။ ယူနန်အနောက်တောင်ပိုင်းဒေသ အထွေထွေလမ်းပန်းဆက်သွယ်ရေးစနစ်ကို အဆင့်မြှင့်တင်ရန်၊ လမ်းတစ်လျှောက်စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူပြုနိုင်မည် ဖြစ်သည်။
သတင်းထောက် -- Chen Chang၊ Hao Yawen