ရေခြားမြေခြားလယ်ယာစိုက်ပျိုးရေးရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်မှုကို မြန်မာနိုင်ငံ အစိုးရဌာနသည် အဓိကထောက်ပံ့ပေးသော ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်ဖြစ်ပါသည်။ ယူနန်ပြည်နယ် ပေါင်စန်းမြို့သည် မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အဆင့်မြှင့်တင်ရန်အတွက် အရေးကြီးသော အခြေခံအုတ်မြစ်ဖြစ်သည်။ လက်ရှိမှာ ဤမြို့တွင် ကုမ္ပဏီပေါင်း၂၀ သည် မြန်မာနိုင်ငံမြောက်ပိုင်းသို့ လယ်ယာစိုက်ပျိုးရေးရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်၍ ငှက်ပျောသီး၊ ရော်ဘာ၊ လက်ဖက်ခြောက်၊ ပြောင်းဖူး၊ ဆန်စပါး၊ ကြံပင်၊ ပီလာပီနံစသည့် အမျိုးအစား ၁၀ မျိုးကျော်ဆောင်ရွက်နေပြီး ဧက ၆ သိန်း(တရုတ်ဧက)ရှိပြီး စုစုပေါင်းရင်းနှီ်းငွေမှာ တရုတ်ယွမ် ၁.၁ ဘီလီယံရှိသည်ဟု ပေါင်စန်းမြို့ ကုန်သွယ်ရေးဌာန ဒုဌာနမှူးဖြစ်သူ ၀မ်ယူက မိတ်ဆက်ပေးသည်။
နယ်စပ်ဂိတ်ဆိုင်ရာ စီးပွားရေးသာယာဝပြောရေးအတွက်လည်း ဦးဆောင်နေသည်ဟု ၀မ်ယူက မိတ်ဆက်သည်။ “ဥပမာ ပြည်ပငှက်ပျောသီးစိုက်ပျိုးရေးက နှစ်စဉ်နှစ်တိုင်းမှာ ဒေသခံမြန်မာဝန်ထမ်း ၂ သောင်းကျော်လိုအပ်ပြီး ၀န်ထမ်းလစာမှာ တစ်ဦးကို တရုတ်ယွမ် ၁၂၀၀-၁၅၀၀ ၀န်းကျင်လောက်ရှိတယ်။ ဒေသခံအတွက်လည်း စားဝတ်နေရေးအတွက် အဆင်ပြေစေပါတယ်။”ဟု သူမက ဆက်လက်ပြောပြသည်။
ထို့ထက်ပင်မက တရုတ်နိုင်ငံမှ ကုမ္ပဏီများသည် အခွန်ဆောင်ခြင်းတွင် တစ်နှစ်ထက်တစ်နှစ်များပြားလာပြီး မြန်မာနိုင်ငံ မြောက်ပိုင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးကြီးသော ထောက်ပံ့မှု ဖြစ်စေပါသည်။
(အယ်ဒီတာ။ ။ ရွှူချန်၊ ကျူးဟွန်ရှာ)