“ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”ရှိ “အလင်းပေးသူ”

2019-07-03 19:12:33 |သတင်းအရင်းအမြစ် 云桥网

ယခုရက်ပိုင်းတွင် STATE POWER INVESTMENT CORPORATION LIMITED Yunnan International Power Investment Co.,Ltd. (အောက်တွင် SPICYN ဟု အတိုခေါ်သည်)ရှိ ၀န်ထမ်းများသည် ၂၀၁၉ ခုနှစ် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံများ ကုန်စည်ပြပွဲနှင့် ကုန်သွယ်ညှိနှိုင်းပွဲ(ကုန်သွယ်ညှိနှိုင်းပွဲဟု အတိုခေါ်သည်)ကျင်းပရာတွင် ရရှိခဲ့သော သဘောတူညီချက်များကို စီစစ်ပြီး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အခွင့်အလမ်းကို ရှာဖွေနေသည်။

STATE POWER INVESTMENT CORPORATION LIMITED (အောက်တွင် SPIC ဟု အတိုခေါ်သည်)သည် တရုတ်နိုင်ငံရှိ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးဆိုင်ရာအမျိုးအစား အစုံလင်ဆုံးဖြစ်သော အထွေထွေသန့်ရှင်းသော အစိမ်းရောင်စွမ်းအင်ကုမ္ပဏီဖြစ်ပြီး တရုတ်နိုင်ငံရှိ အဏုမြူစွမ်းအင်သုံးကုမ္ပဏီထိပ်တန်း ၃ စာရင်းဝင်ဖြစ်သည်။ ကမ္ဘာ့အင်အားအကြီးဆုံးကုမ္ပဏီ ၅၀၀ စာရင်းဝင်လည်းဖြစ်သည်။ SPICYN သည် ယူနန်ုပည်နယ်နှင့် တောင်အာရှ၊ အရှေ့တောင်အာရှ ဒေသဆိုင်ရာ လျှပ်စစ်ဓါတ်အားနှင့် အခြားသော စွမ်းအင်စီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံခြင်း၊ တည်ထောင်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် သက်ဆိုင်ရာလုပ်ငန်းများကို ရှာဖွေလုပ်ဆောင်ခြင်းများ တာဝန်ယူဆောင်နေသည်။

 

မြန်မာဆွေမျိုးပေါက်ဖော်အတွက် SPICYN က လူသိများလှသည်။ သူတို့သည် SPICYN အတွက် “အလင်းပေးသူ”ဟူသော နာမည်ဖြင့် ရင်းနှီးစွာ ခေါ်ဝေလျက်ရှိသည်။

SPICYN မှ ပြည်ပတွင် ရင်းနှီးမြှုပ်နှံတည်ထောင်ထားသော ပထမဆုံးရေအားလျှပ်စစ်စပ်ရုံသည် ကချင်ပြည်နယ် မြောက်ပိုင်းရှိ ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံဖြစ်သည်။ ဤလျှပ်စစ်စက်ရုံ၏ ထုတ်လုပ်မှုပမာဏသည် ၀.၉၉ သိန်းကီလိုဝပ်ဖြစ်ပြီး နှစ်စဉ်ပျမ်းမျှလျှပ်စစ်ဓါတ်အားပမာဏသည် ၀.၅၉၉ ဘီလီယံကီလိုဝပ်ရှိပါသည်။ ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံသည် မြန်မာနိုင်ငံ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးရှိ ထောင်နှင့်ချီသော မိသားစုအတွက် လျှပ်စစ်ဓါတ်အားရရှိရန် တာဝန်ယူဆောင်နေပြီး မြန်မာနိုင်ငံ မြောက်ပိုင်းတောင်သူများအတွက် အလင်းပေးလျက်ရှိသည်။ ထို့ကြောင့် ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံသည် မေခမြစ်တွင် တည်ထားသော “ညဥ့်ပုလဲ”ဟု တင်စားခေါ်ဝေသည်။

လျှပ်စစ်ဓါတ်အားဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံကို ဆက်သွယ်ထားသည့်အပြင် SPICYN သည် လူမှုရေးလုပ်ငန်းများတွင်လည်း ပါဝင်လုပ်ဆောင်ပြီး နှစ်နိုင်ငံပြည်သူများအတွက် ရင်းနှီးသော ဆက်ဆံရေးကို ကြိုးစားဆောင်ရွက်သည်။

SPIC နှင့် MOEE မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ AWC အာရှကမ္ဘာကုမ္ပဏီလီမိတက်တို့အတူ ပူးပေါင်းဆောင်ရွက်ပြီး အစုရှယ်ယာတွင် ၈၀%၊ ၁၅%၊ ၅% ဖြင့် တည်ထောင်ထားသော UPSTREAM AYEYAWADY CONFLUENCE BASIN HYDROPOWER CO.,LTD.(အောက်တွင် ACHC ဟု အတိုခေါ်သည်)သည် ဒေသဆိုင်ရာ လူမှုရေးလုပ်ငန်းကို အမြဲတန်းစေတနာပါပါလုပ်ဆောင်လျက်ရှိသည်။ ဤကုမ္ပဏီသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့်အတူ မြစ်ကြီးနားမြို့ရှိသော မိဘမဲ့ကျောင်း ၂ ကျောင်းအတွက် ပြုပြင်မွမ်းမံခြင်းနှင့် ကျောင်းဆောင်အသစ် တည်ဆောက်ပေးခြင်းလုပ်ဆောင်သည့်အပြင် မြစ်ကြီးနားမြို့ရှိသော အထက်တန်းကျောင်း ၅ ကျောင်းအတွက် တရုတ်ဘာသာသင်တန်းကို ဖွင့်လှစ်ပေးထားပါသည်။ ကုမ္ပဏီဝန်ထမ်းများသည် အားလပ်ရက်ပိုင်းတွင် မိဘမဲ့ကျောင်းမှ ကလေးများအတွက် တရုတ်စာနှင့် အင်္ဂလိပ်စာကို သင်ပေးကြပါသည်။

ကုန်သွယ်ညှိနှိုင်းပွဲပြီးစီးသွားပြီဖြစ်သော်လည်း အဘက်ဘက်သည် အစိမ်းရောင်စွမ်းအင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို စောင့်မျှော်လျက်ရှိသည်။ ယခုတွင် SPIC သည် နိုင်ငံ ၁၃ နိုင်ငံတွင် ကိုယ်စားလှယ်ရုံးကို တည်ထောင်ထားပြီး ပြည်ပနိုင်ငံနှင့်ဒေသ စုစုပေါင်း ၄၃ ခုနှင့် ဆက်သွယ်နေသည်။ ၎င်းတွင် “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”ဆိုင်ရာနိုင်ငံသည် ၂၉ နိုင်ငံပါရှိသည်။ “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”ဖြစ်သော SPICYN သည် ကုန်သွယ်ညှိနှိုင်းပွဲတွင် ရရှိသော အကျိုးရလဒ်နှင့် ချစ်ကြည်ရေးများကို ယူဆောင်ပြီး ပိုများသောနေရာဒေသသို့ သွားရောက်၍ လူများ၏ သာယာလှပသော ဘ၀အတွက် မီးထွန်းကာ အလင်းပေးမည်ဖြစ်သည်။

 

သတင်းထောင်။ ။ ဟန်ချင်ယွမ်

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006