ယူနန်သည် မြန်မာမူဆယ်နှင့်လက်တွဲပြီး Project Hope ပရဟိတအစီအစဉ်ဖြင့်ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိ

2019-07-11 18:59:50 |သတင်းအရင်းအမြစ် 云南日报

ဇူလိုင်လ ၅ ရက်နေ့တွင် ယူနန်ပြည်နယ် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းနှင့် ကွန်မြူနစ်လူငယ်ရွှေလီအဖွဲ့သည် မြန်မာနိုင်ငံမူဆယ်ဒေသ ပြန်ကြားရေးဌာနနှင့်အတူ ယူနန်ပြည်နယ် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းဆိုင်ရာ “မြစ်တစ်စင်းအတူသောက်သုံး၊ ပေါက်ဖော်ချစ်ကြည်ရေးအတွက်အတူတည်ထောင်”ဟုဆိုသည့်အတိုင်း မြန်မာနိုင်ငံအားအထောက်အကူပြု စီမံကိန်းကိုတရားဝင်လက်တွဲဆောင်ရွက်သည်။ အဆိုပါလှုပ်ရှားမှုသည် ယူနန်ပြည်နယ် Project Hope ပရဟိတအဖွဲ့၏ နှစ်ပေါင်း ၃၀ ကျော်ရှိလှုပ်ရှားမှုသမိုင်းကြောင်းအတွင်းပထမဆုံးအကြိမ် ပြည်ပတွင် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။

“မြစ်တစ်စင်းအတူသောက်သုံး၊ ပေါက်ဖော်ချစ်ကြည်ရေးအတွက်အတူတည်ထောင်”မြန်မာနိုင်ငံအတွက် အထောက်အကူပြု စီမံကိန်းသည် အဓိက ၃ ပိုင်းပါရှိပြီး “ဆွေမျိုးပေါက်ဖော်ချစ်ကြည်မေတ္တာ၊ ကျောင်းသားများအတွက် စေတနာ့လက်ဆောင်”၊ တရုတ်-မြန်မာကိုယ်လက်လှုပ်ရှားမှု အပြန်အလှန်ဖလှယ်ရေးနှင့် တရုတ်-မြန်မာလူငယ်များယဉ်ကျေးမှု အပြန်အလှန်ဖလှယ်ရေးလလှုပ်ရှားမှုဖြစ်သည်။ “ဆွေမျိုးပေါက်ဖော်ချစ်ကြည်မေတ္တာ၊ ကျောင်းသားများအတွက် စေတနာ့လက်ဆောင်”အစီအစဉ်သည် မြန်မာလူငယ်၅၀၀ ဦးအတွက် အထောက်အပံ့ပေးရန်ထောက်ပံ့ပစ္စည်းများကို ၀ယ်ယူပြီး ပံ့ပိုးပေးပါသည်။ တရုတ်-မြန်မာကိုယ်လက်လှုပ်ရှားမှုနှင့်ယဉ်ကျေးမှု အပြန်အလှန်ဖလှယ်ရေးလှုပ်ရှားမှုသည် မြန်မာနိုင်ငံမူဆယ်ဒေသမှ စီစဉ်ပေးသောနေရာတွင် ယူနန်ပြည်နယ် Project Hope ပရဟိတအဖွဲ့မှ ကူညီမှုဖြင့် ပျော်ရွှင်စွာပြုလုပ်နိုင်သောကိုယ်လက်လှုပ်ရှားမှုနေရာကိုတည်ဆောက်ပြီးကိုယ်လက်လှုပ်ရှားမှုဖြင့် ယဉ်ကျေးမှု အပြန်အလှန်ဖလှယ်ရေးအတွက် တွန်းတင်ပေးသည်။အပြန်အလှန်ဖလှယ်ရေးလလှုပ်ရှားမှုသည် မြန်မာနိုင်ငံမူဆယ်ဒေသ ပြန်ကြားရေးဌာနမှ မြန်မာလူငယ်၅၀ ဦးကိုဖွဲ့စည်းပျိုးထောင်လေ့ကျင့်ပေးပြီးလူတော်များကိုရွေးချယ်ကာဤဒေသတွင် ကျင်းပသောတရုတ်-မြန်မာပေါက်ဖော်ပွဲတော်တွင် ပါဝင်စေပြီး တရုတ်-မြန်မာလူငယ်များဟင်းချက်ပညာယှဉ်ပြိုင်ခြင်း၊ ပေါက်ဖော်ချစ်ကြည်ရေးဓာတ်ပုံပြပွဲ၊ ယဉ်ကျေးမှုအနုပညာတင်ဆက်ပွဲများကိုကျင်းပသည်။

လူငယ်များအတွက် စွမ်းရည်မြှင့်တင်ပေးခြင်းနှင့် ကြီးပြင်းမှုပတ်ဝန်းကျင်ကောင်းမွန်လာစေခြင်းသည် မျှော်လင့်ချက်စီမံကိန်းဆိုင်ရာအမြဲတမ်းကြိုးပမ်းဆောင်ရွက်နေမှုဖြစ်သည်။ ယူနန်ပြည်နယ် ပါတီကော်မတီနှင့် အစိုးရမှ အလေးထားဂရုစိုက်ခြင်းနှင့် ယူနန်ပြည်နယ်ကွန်မြူနစ်လူငယ်အဖွဲ့မှ ညွှန်ကြားချက်အရယူနန်ပြည်နယ် Project Hope ပရဟိတအဖွဲ့သည် နှစ်ပေါင်း ၃၀ ကျော်စီစဉ်လှုပ်ရှားဆောင်ရွက်ခဲ့ပြီးယူနန်ပြည်နယ် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းသည် Project Hope မူလတန်းကျောင်း ၁၈၀၀ ကျောင်းကိုတည်ထောင်ခြင်း၊ ဆင်းရဲနွမ်းပါးနေအိမ်မှ ကျောင်းသူကျောင်းသားစုစုပေါင်း ၁.၉ သိန်းကိုကူညီပေးခြင်း၊ ဆင်းရဲနွမ်းပါးနေအိမ်မှ “မွေးရာပါ နှလုံးရောဂါ”ဝေဒနာရှင်ကလေး စုစုပေါင်း ၂၁၀၀ ကျော်အတွက် ပြန်လည်ကျန်းမာလာရန် ကူညီပေးခြင်း၊ Project Hope ကျန်းမာရေးစခန်း ၉၂ ကိုတည်ထောင်ခြင်းစသည်တို့ကိုစီစဉ်ဆောင်ရွက်ပါသည်။ ထို့အပြင် ယူနန်ပြည်နယ် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းသည်ကျောင်းတက်နိုင်ရန်ကူညီရေး၊ ဆေးကုသမှုကူညီရေး၊ ပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးဖြစ်သော လူထုသက်သာချောင်ချိရေးစီမံကိန်းများကို နှစ်ပေါင်း ၂၀ ကျော်ဆောင်ရွက်ပြီးနောက် စေတနာငွေ ၀.၈ ဘီလီယံကျော်စုဆောင်းရရှိပါသည်။

သတင်းထောက်။ ။ ချူတွန်းဟွာ၊ ၀မ်ဟွန်း

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006