မလေးရှားပညာရေးဝန်ကြီးမာဇီလီက မလေးရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့် အသက်မွေးဝမ်းကျောင်းနည်းပညာသင်ကြားရေးနှင့် လေ့ကျင့်ပျိုးထောင်ရေးနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုးတိုးချဲ့ပြီး အဆင့်အတန်းမြင့်မားသောကျွမ်းကျင် လူရည်ချွန်များကို အတူပျိုးထောင်ခြင်းဖြင့် Belt and Road တည်ဆောက်ရေးအတွက် အထောက်အကူပြုရန် မျှော်လင့်ကြောင်း ယခုလ ၉ ရက်နေ့က ပီကင်းတွင် ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။
မာဇီလီက အခုအထိ တရုတ်နိုင်ငံ ဟွာဝေးကုမ္ပဏီသည် မလေးရှား၏ တက္ကသိုလ် ၁၅ ခုနှင့် ပူးပေါင်းဆောင်ရွက်ပြီး သတင်းဘာသာရပ်နှင့် ဆက်သွယ်ရေးနည်းပညာဘာသာရပ် ကျောင်းသားများအတွက် လေ့ကျင့်မှုအခွင့်အလမ်းများဖန်တီးပေးခဲ့ကြောင်း၊ ပိုမို များပြားသော တရုတ်အဆင့်မြင့်သိပ္ပံနည်းပညာကုမ္ပဏီသည် မလေးရှားကျောင်းသားများအတွက်လည်း ဤကဲသို့သော ပလက်ဖေါင်းကို ဖန်တီးပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ သည်။