တရုတ်နိုင်ငံတော်စာရင်းအင်းဦးစီးဌာနမှ ၁၅ ရက်နေ့က ထုတ်ပြန်သောပဏာမစာရင်းအရ ပထမနှစ်ဝက်ပိုင်းတွင် တရုတ်နိုင်ငံ ဂျီဒီပီသည် ယွမ် ၄၅၀၉၃.၃ ဘီလီယံရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၆.၃ ရာခိုင်နှုန်းတိုးလာကြောင်း၊ ရာသီအလိုက်ကြည့်လျှင် ပထမ ၃ လပတ်တွင် ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၆.၄ ရာခိုင်နှုန်းတိုးလာပြီး ဒုတိယ ၃ လပတ်တွင် ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၆.၂ ရာခိုင်နှုန်းတိုးလာကြောင်း၊ ပထမနှစ်ဝက်ပိုင်းတွင် တရုတ်စီးပွါးရေးအခြေအနေသည် တည်ငြိမ်ပြီးတိုးတက်လာကြောင်း သိရပါသည်။