တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၂ ရက်နေ့က ပီကင်းမြို့တွင် တရားဝင် အလည်အပတ်ရောက်ရှိလာသော ဗီယက်နမ် လွှတ်တော် ဥက္ကဋ္ဌ Nguyen Thi Kim Ngan နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း China Media Group မှ သတင်းအရသိရသည်။
ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တရုတ်နှင့် ဗီယက်နမ်တို့သည် မဟာဗျူဟာမြောက် အနက်အဓိပ္ပါယ်ရှိသော ကံကြမ္မာ အသိုက်အဝန်းဖြစ်ကြောင်း၊ လာမည့်နှစ်သည် တရုတ်-ဗီယက်နမ် သံတမန်ဆက်ဆံမှုထားရှိခဲ့သည့် နှစ် ၇၀ ပြည့်မြောက်နှစ်ဖြစ်ကြောင်း၊ မိမိတို့သည် ၄င်းတာထွက်ရာသစ်တွင် နှစ်ဖက်ဆက်ဆံမှုကို အဆင့်သစ်သို့ ထပ်မံရောက်ရှိရန် တွန်းအားပေးသင့်ကြကြောင်း ပြောကြားသည်။