ကမ္ဘောဒီးယားနိုင်ငံမှ မွေးရာပါနှလုံးရောဂါဝေဒနာရှင်ကလေး ၆ ယောက်သည် အခမဲ့ကုသမှုလက်ခံရန် ကူမင်းမြို့ရောက်ရှိ

2019-07-17 18:22:26 |သတင်းအရင်းအမြစ် 云南日报

ဇူလိုင်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီမိနစ် ၅၀ တွင် လေကြောင်းခရီးစဉ်ဖြင့် ၃ နာရီကြာလေယာဉ်စီးပြီးနောက် ကမ္ဘောဒီးယားနိုင်ငံမှ မွေးရာပါနှလုံးရောဂါ ဝေဒနာရှင်ကလေး ၆ ယောက်သည် ကူမင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာပါသည်။

လေယာဉ်ကွင်းမှအထွက် အသက် ၆ နှစ်ရှိသော ရွှေလီစော်မူသည် မိခင်၏လက်ကို ကျစ်ကျစ်ပါအောင်ဆွဲ၍ ပင်ပန်းသော်လည်း ကိုယ်ခန္ဓာအခြေအနေကောင်းမွန်နေသည်။ လာရောက်ကြိုဆိုနေသော အန်တီနှင့်ဦးလေးများကို မြင်တွေ့ရစဉ် အံ့သြစိတ်ဖြင့် ယဉ်ကျေးစွာ လက်ဝှေ့ရမ်းနှုတ်ဆက်သည်။

FUWAI YUNNAN CARDIOVASCULAR HOSPITALသို့ သွားရာလမ်းကြောင်းတွင် သူမသည် ကားပြတင်းပေါက်မှ ပြင်ပရှုခင်းကို အဆက်မပြတ်ငေးကြည့်လျက်ရှိပါသည်။ ညနေ ၃ နာရီ ၃၅ မိနစ်တွင် ဘတ်(စ်)ကားသည် ဆေးရုံသို့ ရောက်ရှိပြီးနောက် ရွှေလီစော်မူနှင့် အခြားသော နှလုံးရောဂါ ဝေဒနာရှင်ကလေး ၅ ယောက်သည် မိဘနှင့်အတူ ဖြည်းဖြည်းချင်းကားပေါ်မှ ဆင်းလာကြသည်။ စောစောရောက်ရှိစောင့်ဆိုင်းနေသော ၀န်ထမ်းများသည် သူ့တို့အား ဦးဆောင်ကာလိုက်ပို့ကြသည်။ နောက်ရက်အနည်းငယ်တွင် အဆိုပါကလေးများအား အခမဲ့ခွဲစိတ်ကုသပေးမည် ဖြစ်သည်။

ဆေးရုံသည် ကလေးများအတွက် သီးသန့်အစိမ်းရောင်လမ်းကြောင်းကို စီစဉ်ပေး၍ အဘက်ဘက်စစ်ဆေးပြီးနောက် ခွဲစိတ်မှုအတွက် စီစဉ်ကြမည်ဖြစ်ကြောင်း၊ ၂ ရက်ဝန်းကျင်ဖြင့် စမ်းသပ်မှုရလဒ်ထွက်ရှိလာမည်ဖြစ်ပြီး ခွဲစိတ်ကုသမှုအတွက် စီစဉ်ကြမည်ဖြစ်ကြောင်း FUWAI YUNNAN CARDIOVASCULAR HOSPITAL မှ ပါရဂူက ပြောကြားသည်။

အဆိုပါကလေး ၆ ယောက်သည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် FUWAI YUNNAN CARDIOVASCULAR HOSPITAL မှ ဆရာဝန် ၇ ဦးနှင့် စေတနာ့ဝန်ထမ်း ၅ ဦး ပါဝင်သောအဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်ပြီး စမ်းသပ်စစ်ဆေးမှုများဆောင်ရွက်ရာ မွေးရာပါနှလုံးရောဂါ ဝေဒနာရှင်ကလေးများကို စစ်ဆေးတွေ့ရှိခြင်းဖြစ်သည်။ ၁၂ ရက်တာစမ်းသပ်စစ်ဆေးကာလအတွင်း ပြည်နယ် ၅ ခုရှိ စာသင်ကျောင်း ၄၃ ကျောင်းမှ ကျောင်းသူကျောင်းသားများ ၂၀၁၆၆ ယောက်အား စမ်းသပ်စစ်ဆေးရာ သံသယဖြစ်ဖွယ် ၃၁၃ ယောက်တွင် မွေးရာပါနှလုံးရောဂါ ဝေဒနာရှင်ကလေး ၃၅ ယောက်ရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။ ပထမအစီအစဉ်တွင် ၎င်းတို့အနက် ၆ ယောက်နှင့် သူတို့မိသားစုစောင့်ရှောက်သူများကို ခေါ်ယူကုသပေးပြီး ကျန်ရှိနေသော ဝေဒနာရှင်ကလေးများအား မကြာခင်စီစဉ်ကုသပေးမည်ဖြစ်သည်။

“၂၀၁၈ ခုနှစ်ကစပြီး တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံအစိုးရက‘စေတနာ’စီမံကိန်းကို ၀ိုင်းဝန်းလုပ်ဆောင်ခဲ့ကြတယ်။ ၃ နှစ်တာအချိန် ကာလအတွင်းမှာ ကမ္ဘောဒီးယားနိုင်ငံရှိ အသက် ၁၄ နှစ်အောက် ကလေးများအတွက် မွေးရာပါနှလုံးရောဂါရှိမရှိ စစ်ဆေးပေးရန် စီစဉ်ပါတယ်။”ဟု ဆေးရုံတာဝန်ခံ ကျူးဟွန်မေက ပြောကြားပါသည်။ FUWAI YUNNAN CARDIOVASCULAR HOSPITALသည် ဤစီမံကိန်းဆိုင်ရာ အဓိကဆောင်ရွက်သောအဖွဲ့အနေဖြင့် ကမ္ဘောဒီးယားနိုင်ငံသို့ အရောက်သွားပြီး စမ်းသပ်စစ်ဆေးမှုအတွက် ပါရဂူအဖွဲ့ကို အကြိမ်ကြိမ်စီစဉ်ထားရှိကြောင်း၊ ဆေးရုံသည် အဆိုပါမွေးရာပါနှလုံးရောဂါ ဝေဒနာရှင်ကလေးများအတွက် ဆေးကုသခြင်းစီစဉ်ပေးသည့်အပြင် နေထိုင်သွားလာရေးအတွက်ကိုလည်း ကူညီစောင့်ရှောက်ပေးပြီး ဆေးရုံရှိလူမှုဝန်ထမ်းများကလည်း ကူညီစောင့်ရှောက်ပေးမည် ဖြစ်ကြောင်းဟု သူမက ဆက်လက်ပြောကြားပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006