တရုတ်နိုင်ငံ စိတ်ကြွရူးသွပ်ဆေး တားမြစ်ရေးစင်တာက စည်းရုံး၊ ဦးစီးပြုလုပ်သော ပထမ အကြိမ်မြောက် နိုင်ငံတကာ စိတ်ကြွရူးသွပ်ဆေး တားမြစ်ရေး နှီးနှောဖလှယ်ပွဲကို ယခုလ ၁၆ ရက်နေ့က ပီကင်း၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေး တက်ရောက်သူများသည် အားကစားပြိုင်ပွဲ အမျိုးမျိုးတွင် စိတ်ကြွရူးသွပ်ဆေး တားမြစ်ရေးဆိုင်ရာ အတွေ့အကြုံများကို မျှဝေဆွေးနွေးခဲ့ကြပါသည်။
လွန်ခဲ့သည့်နှစ်များအတွင်း တရုတ်နိုင်ငံသည် ၂၀၀၈ ခုနှစ် ပီကင်း အိုလံပစ် အားကစားပြိုင်ပွဲ၊ ၂၀၁၀ ခုနှစ် ကွမ်ကျိုး အာရှ အားကစားပြိုင်ပွဲ အပါအဝင် နိုင်ငံတကာ အားကစားပြိုင်ပွဲ များစွာကို လက်ခံ ကျင်းပခဲ့ပါသည်။ ပြိုင်ပွဲများ လက်ခံကျင်းပစဉ်၌ တရုတ်ပြည်၏ စိတ်ကြွရူးသွပ်ဆေး တားမြစ်ရေးလုပ်ငန်းတွင် တိုးတက်မှု အဆက်မပြတ်ရရှိပြီး တရုတ်အတွေ့အကြုံများစွာ စုထားကာ စိတ်ကြွရူးသွပ်ဆေး တားမြစ်ရေးဆိုင်ရာ တရုတ် အသွင်ပုံစံ ဖြစ်တည်လာပြီသည်ဟု သတင်းရရှိပါသည်။
ယခုအကြိမ် အစည်းအဝေးကို ၂ ရက်ကြာ ကျင်းပမည် ဖြစ်ပြီး ကမ္ဘာ့နိုင်ငံ ၃၃ နိုင်ငံမှ စိတ်ကြွရူးသွပ်ဆေး တားမြစ်ရေးအဖွဲ့အစည်းများက အစည်းအဝေးသို့ တက်ရောက် ခဲ့ကြပါသည်။ (ကျော့)