တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၇ ရက်နေ့က ပီကင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ၂၀၁၉ ခုနှစ် နိုင်ငံခြားရှိ တရုတ်သံအမတ်ကြီးများ လုပ်ငန်းအစည်းအဝေး တက်ရောက်နေသော သံအမတ်ကြီးများနှင့် တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်၊ ဗဟိုအတွင်းရေးမှူးဌာန အတွင်းရေးမှူး ဝမ်ဟုနင်သည် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။
တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် တွေ့ဆုံပွဲသို့ တက်ရောက်ပြီး ၂၀၁၉ ခုနှစ် နိုင်ငံခြားရှိ တရုတ်သံအမတ်ကြီးများ လုပ်ငန်းအစည်းအဝေးတွင် မိန့်ခွန်းပြောကြားပါသည်။ ဝမ်ယိသည် မျက်မှောက် နိုင်ငံတကာ အခြေအနေနှင့် တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်ရေး၏ သမိုင်းဝင်နေရာ စသည့် အကြောင်းများကို သုံးသပ်ရှင်းလင်း ပြောကြားခဲ့ပါသည်။ (ကျော့)