တတိယအကြိမ် လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသနိုင်ငံများ သတင်းပြန်ကြားရေးအရာရှိ နှင့် သတင်းစာဆရာ မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

2019-07-22 17:43:09 |သတင်းအရင်းအမြစ် 云桥网

သာယာကောင်းမွန်သော နွေရာသီအခါသမယတွင် မြစ်တစ်သွယ် ချစ်ခြင်း မေတ္တာကို အတူလက်ဆင့်ကမ်းနေကြသည်။ " မြစ်တစ်သွယ် ချစ်ခြင်းမေတ္တာ၊ မိသားစုပမာ ချစ်ကြည်ရင်းနှီးစွာ" တတိယအကြိမ် လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသ နိုင်ငံများ သတင်းပြန်ကြားရေးအရာရှိနှင့် သတင်းစာဆရာ မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကူမင်းမြို့တွင် ဇူလိုင်လ(၂၂)ရက်နေ့က ကျင်းပကြောင်း သိရပါသည်။

ဤမွမ်းမံသင်တန်းကို ယူနန်ပြည်နယ် ပြည်သူ့အစိုးရက သက်ဆိုင်ရာစီမံကိန်း၏ ထောက်ပံ့မှုဖြင့် ယူနန်နေ့စဉ်သတင်းစာအဖွဲ့သည် ဦးစီးကျင်းပခြင်း ဖြစ်ပြီး “ယူနန် အလှတရားကို လက်တွေ့ရှုစားခြင်း” ဟူသောအဓိကဆောင်ပုဒ်ဖြင့် ဇူလိုင်လ(၂၉)ရက် နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါသင်တန်းသို့ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို စသည့်နိုင်ငံ(၄)နိုင်ငံမှ ပြန်ကြားရေးအရာရှိနှင့် သတင်းစာဆရာ (၁၆)ဦးတို့ တက်ရောက်ကြသည်။ မွမ်းမံသင်တန်း ကျင်းပစဉ်ကာလအတွင်း သင်တန်းသူ သင်တန်းသားများသည် ယူနန်နေ့စဉ်သတင်းစာအဖွဲ့မှ သတင်းထောက်များနှင့်အတူ ကူမင်းမြို့၊ ချူရွံ့ယီတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲမှာ ဆန်းတင့်ဝေဆာ လှသော လေ့လာမှုဖလှယ်ရေးလှုပ်ရှားမှုကို ဆင်နွှဲကြမည်ဖြစ်ပါသည်။

လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသနိုင်ငံများ သတင်းပြန်ကြားရေးအရာရှိနှင့် သတင်းစာဆရာ မွမ်းမံသင်တန်းသည် တရုတ်ယူနန်နှင့် မဲခေါင်မြစ်မြစ်ဝှမ်းဒေသ နိုင်ငံများ ကူးလူးဆက်ဆံရာတွင် သဘာဝကပေးစွမ်းသော ပထဝီအနေအထားနှင့် လူသားတို့၏ ယဉ်ကျေးမှု ကျော်ကြားမှု အားသာချက်များကို အပြည့်အ၀ ထင်ရှားစေရန် လည်းကောင်း၊ တရုတ်နှင့် မဲခေါင်မြစ်မြစ်ဝှမ်းဒေသနိုင်ငံများရှိ မီဒီယာများအကြား ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းကို တည်ဆောက်ပြီး အလှချင်းရယ်ပြိုင်သော ယဉ်ကျေးမှုတံတားကြီးကို ဖန်တီးရန်လည်းကောင်း၊ လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသ နိုင်ငံများပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်ရန်အတွက် လည်းကောင်း ရည်ရွယ်ထားပါသည်။ ယူနန်နေ့စဉ်သတင်းစာအဖွဲ့သည် ၂၀၁၈ ခုနှစ်တွင် လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသနိုင်ငံများ သတင်းပြန်ကြားရေးအရာရှိနှင့် သတင်းစာဆရာ မွမ်းမံသင်တန်းကို ၂ ကြိမ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ရာ မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများမှ သတင်းပြန်ကြားရေးအရာရှိနှင့် သတင်းစာဆရာ (၃၀)ဦးတို့ တက်ရောက်ပြီး ချီးကျူး အသိအမှတ်ပြုခြင်း များစွာချီးမြှင့်ပေးခဲ့ကြသည်။

ယခုအကြိမ် မွမ်းမံသင်တန်းမှာ ထွေပြားစုံလင်ပြီး သင်တန်းသူသင်တန်းသား များသည် ယူနန်နေ့စဉ်သတင်းစာအဖွဲ့မှ သတင်းထောက်များနှင့်အတူ အပြည်ပြည် ဆိုင်ရာကျယ်ပြန့်ရေး၊ မီဒီယာပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှုနှင့် လန်ချန်း- မဲခေါင် မြစ်ဝှမ်းဒေသ နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု စသည့်အကြောင်းအရာများအပေါ် ဆွေးနွေးပြောကြားမည် ဖြစ်သည်။ ထို့ပြင် ကွမ်တုရှေးဟောင်းမြို့နယ်၊ အန်နင်မြို့၊ ချူရွံ့ဒိုင်နိုဆောခေတ်ပေါ် နည်းပညာအသိပေး အခြေစိုက်စခန်း စသည့်နေရာများသို့ သွားရောက်လေ့လာ ကြည့်ရှုကြမည် ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်သည့်နှစ် ၇၀ ကာလအခါသမယ၏ သာယာလှပသော ယူနန်၏ပြုပြင်ပြောင်းလဲမှုကို မြင်တွေ့ကြရမည်။ “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်” တည်ဆောက်ရေး၏တွန်းအားသစ်ကို လက်တွေ့ခံစားကြမည် ဖြစ်ပါသည်။ ဤမွမ်းမံသင်တန်းမှ တစ်ဆင့် လန်ချန်းမြစ်-မဲခေါင်မြစ် မြစ်ဝှမ်းဒေသနိုင်ငံအသီးသီးက မီဒီယာတို့သည် လန်မဲပူးပေါင်း ဆောင်ရွက်မှုစနစ်၏ “အသံချဲ့စက်”၊ လန်မဲချစ်ကြည်ရေးပန်းမန်၏ “မျိုးကြဲစက်”နှင့် လန်မဲပူးပေါင်းဆောင်ရွက်မှုရဲ့ “တွန်းတင်စက်” ဖြစ်လာကြမည် ဖြစ်ပေသည်။

သတင်းထောက် -- Liu Ziyu

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006