တရုတ်နိုင်ငံက ပုဂ္ဂလိကပိုင် စီးပွားဖြစ် ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံ အောင်မြင်စွာပစ်လွှတ်

2019-07-26 18:15:43 |သတင်းအရင်းအမြစ် 新华网

တရုတ် ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ ထုတ်လုပ်သော ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံသည် ဂြိုဟ်တုနှစ်ခုအား တင်ဆောင်ကာ ဂြိုဟ်ပတ်လမ်းအတွင်းသို့ နိုင်ငံအရှေ့မြောက်ပိုင်းရှိ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဇူလိုင်လ ၂၅ ရက် မွန်းလွဲ ၁း၀၀ နာရီတွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ပေကျင်းမြို့အခြေစိုက် ပုဂ္ဂလိကဒုံးပျံထုတ်လုပ်သူ i-Space က ထုတ်လုပ်လိုက်သော SQX-1 Y1 သည် အဆင့်လေးဆင့်ရှိ စီးပွားဖြစ် ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံငယ်တစ်ခုဖြစ်သည်။ အဆိုပါ ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံ၏ ကိုယ်ထည်မှာ အကျယ်ဆုံးအချင်း ၁.၄ မီတာ၊ အရှည် ၂၀.၈ မီတာနှင့် မြေပြင်မှ ပျံသန်းထွက်ခွာအလေးချိန် ၃၁ တန်ရှိကြောင်း သိရသည်။ (Xinhua)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006