(၉၂)နှစ်မြောက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နေ့ အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ

2019-07-30 18:25:20 |သတင်းအရင်းအမြစ် 云桥网

(၉၂)နှစ်မြောက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ဇူလိုင် ၂၉ ရက်နေ့ ညနေ ၆:၀၀ နာရီခန့်တွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ နိုဗိုတယ် ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။

တရုတ်နိုင်ငံစစ်သံမှူး Senior Colonel Xiong Shaowei မှ နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ဤနှစ်သည် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် တည်ထောင်ခြင်းဆိုင်ရာ (၉၂)နှစ်မြောက် ဖြစ်ပါကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံတပ်မတော် အနေဖြင့် ရှေ့ဆက်ပြီး ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မူသည် အောင်မြင်မှုများရရှိပြီး အခန်းကဏ္ဍသစ်တစ်ခုကို ရောက်ရှိလာလိမ့်မာည့်ဟု လေးလေးနက်နက်ယုံကြည်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါဧည့်ခံပွဲတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသံအမတ်ကြီး Mr. Chen Hai ၊ မြန်မာနိုင်ငံ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တာဝန်ရှိသူများ၊ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်မြို့ရှိ သံရုံးများမှ သံအမတ်ကြီးများနှင့် စစ်သံမှူးများ၊ ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းများမှ ဌာနကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

သတင်းတောက်။ ။ ဇော်ရဲအောင်

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006