"ပြောင်းလဲမှုကြီး ဖြစ်ပွါးနေသည့် အခြေအနေ၌ နိုင်ငံတကာ ဥပဒေ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခန်းကဏ္ဍ" နိုင်ငံတကာ နှီးနှောဖလှယ်ပွဲကို ယခုလ ၂၉ ရက်နေ့က ပီကင်း၌ ကျင်းပခဲ့ရာ၊ ဖွံ့ဖြိုးဆဲနိုင်ငံ ၈၀ ကျော်မှ တရား ဥပဒေ အရာရှိများ၊ တရုတ်နိုင်ငံ ဆိုင်ရာ နိုင်ငံခြား သံရုံးမှ အရာရှိများ၊ ကုလသမဂ္ဂ၊ နိုင်ငံတကာ ပင်လယ်ရေးရာ ဥပဒေ တရား ခုံရုံး၊ အာရှ-အာဖရိက ဥပဒေ ညှိနှိုင်းရေးအဖွဲ့ စသည့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်၊ ပညာရှင်များ စုစုပေါင်း လူ ၃၀၀ ကျော်တို့သည် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခဲ့ကြပါသည်။
တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် နှီးနှောဖလှယ်ပွဲသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး လိုကျော့ဟွေးက မိန့်ခွန်းပြောကြားပြီး၊ ဖွံ့ဖြိုးဆဲ နိုင်ငံ တစ်နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံသည် အခြား ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံတကာ စည်းမျဉ်းများ ချမှတ်ရာ၌ နိုင်ငံစုံ ဝါဒကို ထောက်ခံကာ နိုင်ငံတကာ ဥပဒေကို ထိရောက်စွာ လိုက်နာဆောင်ရွက်ရေးကို လက်တွဲတွန်းအားပေးလိုပါကြောင်း ပြောကြားပါသည်။ (ကျော့)