ယမန်နေ့ ၃၀ ရက်နေ့က ဒုတိယအကြိမ်တရုတ်ပြည်လုံးဆိုင်ရာ လူငယ်များအားကစားပြိုင်ပွဲ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသကိုယ်စားလှယ်အဖွဲ့၏ ဟောင်ကောင်အလံတော်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဟောင်ကောင်တွင်ကျင်းပခဲ့သည်။ ဒုတိယအကြိမ်တစ်ပြည်လုံးဆိုင်ရာလူငယ်များ အားကစားပြိုင်ပွဲကို သြဂုတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ရှမ်းရှီးပြည်နယ် ထိုက်ယွမ်မြို့တွင် ကျင်ပမည်ဖြစ်ကြောင်း၊ ဟောင်ကောင်သည် လူ ၈၀၀ ကျော်ဖြင့် ဖွဲ့စည်းသော ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ပြီး ၎င်းအနက် အားကစားမောင်မယ် ၆၂၀ သည် နောက်ဆုံးအဆင့်ဗိုလ်လုပွဲ ၂၇ ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း China Media Group မှ သတင်အရ သိရပါသည်။