တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာန၏ အထိမ်းအမှတ်ဧည့်ခံပွဲကို ယခုလ ၃၀ ရက်နေ့က တရုတ်ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပခဲ့ပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်တည်ထောင်ခဲ့သည့် ၉၂ နှစ်ပြည့်မြောက်ခြင်းကို ကြိုဆိုဂုဏ်ပြုခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။
တရုတ်ဗဟိုစစ်ရေးကော်မရှင်အဖွဲ့ဝင်၊ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဝေ့ဖုန်းဟိုက လွန်ခဲ့သည့် ၉၂ နှစ်အတွင်း တရုတ်နိုင်ငံသည် ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စည်ပင်သာယာရေးကို အရေးကြီးသော အကျိုးပြုမှုများကို စွမ်းဆောင်ခဲ့သည်ဟု ပြောကြားခဲ့ကြောင်း သတင်းအရ သိရပါသည်။