ယူနန်ပြည်နယ် ပထမနှစ်ဝက်စီးပွားရေး“အစီရင်ခံစာ”ထွက်ရှိရာ ပထမနှစ်ဝက်အတွင်းတွင် ၉.၂ ရာခိုင်နှုန်းတိုးတက်ကာ တစ်နိုင်ငံလုံးထက် ၂.၉ ရာခိုင်နှုန်းပိုမြင့်နေ

2019-08-01 19:30:25 |သတင်းအရင်းအမြစ် 云南网

ယူနန်ပြည်နယ် ၂၀၁၉ ခုနှစ် ပထမနှစ်ဝက် စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှု အကြောင်းအရာသတင်းစာရှင်းလင်းပွဲကို ဇူလိုင်လ ၃၀ ရက်နေ့တွင် ကူမင်းမြို့၌ ကျင်းပခဲ့ပါသည်။ ယူနန်ပြည်နယ် ပထမနှစ်ဝက်စီးပွားရေး“အစီရင်ခံစာ”ထွက်ရှိရာ ပထမနှစ်ဝက်အတွင်းတွင် တစ်ပြည်နယ်လုံးဆိုင်ရာကုန်ထုတ်လုပ်မှုပမာဏစုစုပေါင်းမှာ ၇၉၅.၇၄၃ ဘီလီယံရှိပြီး မနှစ်ကအလားတူကာလထက် ၉.၂ ရာခိုင်နှုန်းတိုးတက်ကာ တစ်နိုင်ငံလုံးထက် ၂.၉ ရာခိုင်နှုန်းပိုမြင့်နေပါကြောင်း၊ တစ်ပြည်နယ်လုံးဆိုင်ရာစီးပွားရေးသည် ကျိုးကြောင်းဆီလျော်စွာ တရားနည်းလမ်းကျစွာဖြင့် လည်ပတ်နေပြီး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်နေသော ကောင်းမွန်လှသည့် အရှိန်အဟုန်ဖြင့် တိုးတက်နေပါသည်။

တစ်ပြည်နယ်လုံးဆိုင်ရာ ကုန်ထုတ်လုပ်မှုပမာဏစုစုပေါင်းမှာ ၇၉၅.၇၄၃ ဘီလီယံရှိပြီး မနှစ်ကအလားတူကာလထက် ၉.၂ ရာခိုင်နှုန်းတိုးတက်

တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးမှသည် အထင်ကရရလဒ်အောင်မြင်မှုကို ရရှိခဲ့ပါသည်။ ပထမနှစ်ဝက်အတွင်းတွင် တစ်ပြည်နယ်လုံးဆိုင်ရာ ကုန်ထုတ်လုပ်မှုစုစုပေါင်းပမာဏမှာ ၇၉၅.၇၄၃ ဘီလီယံရှိပြီး မနှစ်ကအလားတူကာလထက် ၉.၂ ရာခိုင်နှုန်းတိုးတက်လာပါသည်။ ၎င်းအတွင်းတွင် ကုန်ကြမ်းထုတ်အခြေခံစီးပွားရေးပထမအဆင့်လုပ်ငန်း၊ စက်မှုနှင့်ဆောက်လုပ်ရေးပေါင်းစပ်သည့်ဒုတိယအဆင့်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာကုန်ထုတ်လုပ်မှုပမာဏမှာ ၅.၃ ရာခိုင်နှုန်း၊ ၁၁.၅ ရာခိုင်နှုန်း၊ ၇.၉ ရာခိုင်နှုန်းအသီးသီးတိုးတက်လာပါသည်။ ပုံသေပိုင်ဆိုင်ခြင်းရင်းနှီးမြှုပ်နှံမှုမှာ ၉.၁ ရာခိုင်နှုန်းတိုးတက်လာပါကြောင်း၊ အတိုင်းအတာကြီးသော စက်မှုလုပ်ငန်းဆိုင်ရာအပိုတန်ဖိုးမှာ ၁၀.၉ ရာခိုင်နှုန်းတိုးတက်လာပါကြောင်း၊ လူသုံးကုန်လက်လီရောင်းချရေးစုစုပေါင်းပမာဏမှာ ၁၀.၉ ရာခိုင်နှုန်းတိုးတက်လာပါကြောင်း၊ ပြည်ပသွင်းကုန်ပို့ကုန်ရောင်းဝယ်ရေးမှာ ၁၂.၆ ရာခိုင်နှုန်းတိုးတက်လာပါကြောင်း သတင်းအရသိရပါသည်။

စီးပွားရေးလုပ်ငန်းအတွက် ၀န်ထုတ်ဝန်ပိုး ၇၅ ဘီလီယံလျှော့ချ

ဖွံ့ဖြိုးတိုးတက်မှုကြောင့် ရရှိသောအကျိုးရလဒ်များ အဆက်မပြတ်တိုးပွားလာသည်။ အခွန်နှင့် အခြားစရိတ်များလျှော့ချရေးပေါ်လစီဖြင့် အကောင်အထည်ဖော်ကျင့်သုံးဆောင်ရွက်ပြီး ပထမနှစ်ဝက်အတွင်းတွင် စီးပွားရေးအဖွဲ့အစည်းများအတွက် ၀န်ထုတ်ဝန်ပိုး ၇၅ ဘီလီယံလျှော့ချခဲ့ပါသည်။ စက်မှုလုပ်ငန်းစီးပွားရေးအကျိုးရလဒ်တွင် အဆက်မပြတ် ကောင်းမွန်လာပြီး တစ်ပြည်နယ်လုံးရှိ အတိုင်းအတာကြီးသော စက်မှုလုပ်ငန်းကုမ္ပဏီဆိုင်ရာအရောင်းအ၀ယ်ဝင်ငွေမှာ ၁၁.၁ ရာခိုင်နှုန်းတိုးတက်လာပြီး အမြတ်ငွေမှာ ၃၀.၇ ရာခိုင်နှုန်းတိုးတက်လာပါသည်။ ဘဏ္ဍရေးဝင်ငွေသုံးငွေမှာ တည်ငြိမ်စွာ တိုးတက်လာပါကြောင်း၊ ပထမနှစ်ဝက်အတွင်းတွင် တစ်ပြည်နယ်လုံးဆိုင်ရာပုံမှန်အများသုံးခန့်မှန်းခြေ၀င်ငွေမှာ ၄.၁ ရာခိုင်နှုန်းတိုးတက်လာပြီး ၎င်းအတွင်းတွင် အခွန်ကောက်ယူခြင်းဆိုင်ရာဝင်ငွေမှာ ၃.၅ ရာခိုင်နှုန်းတိုးတက်လာပါကြောင်း၊ အထွေထွေအများပြည်သူသုံးခန့်မှန်းခြေသုံးငွေမှာ ၂၁.၁ ရာခိုင်နှုန်းတိုးတက်လာပါကြောင်း သတင်းအရသိရပါသည်။

၂၀၁၉ ခုနှစ် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုကုန်သွယ်ညှိနှိုင်းပွဲတွင် စာချုပ်ချုပ်ဆိုပြီး တရုတ်ယွမ်ငွေ ၆၀၉.၃ ဘီလီယံရှိ

ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်တည်ငြိမ်နေ၍ ကောင်းမွန်သောအခြေအနေသို့ ရောက်ရှိနေပါသည်။ ဈေးကွက်သည် ခန့်မှန်းချက်အတိုင်းတည်ငြိမ်နေပြီး သွင်းငွေနှင့် ထုတ်ချေးငွေဆိုင်ရာတိုးတက်နှုန်းမှာ မနှစ်ကအလားတူကာလထက် ကောင်းမွန်လာပြီး ဇွန်လ လကုန်အထိ တစ်ပြည်နယ်လုံးရှိ ငွေရေးကြေးရေးလုပ်ငန်းဌာနဆိုင်ရာသွင်းငွေလက်ကျန်မှာ ၇.၉ ရာခိုင်နှုန်းတိုးတက်လာပြီး တိုးတက်နှုန်းမှာ မနှစ်ကအလားတူကာလထက် ၅.၃ ရာခိုင်နှုန်းတိုးတက်လာပါကြောင်း၊ ထုတ်ချေးငွေလက်ကျန်ငွေမှာ ၁၁.၅ ရာခိုင်နှုန်းတိုးတက်လာပြီး တိုးတက်နှုန်းမှာ မနှစ်ကအလားတူကာလထက် ၂.၈ ရာခိုင်နှုန်းတိုးတက်လာပါကြောင်း သတင်းအရသိရပါသည်။

လျှပ်စစ်ကုန်ထုတ်ပမာဏမှာ လျင်မြန်စွာတိုးများလာပြီး ဇန်န၀ါရီလမှ ဇွန်လအထိ လျှပ်စစ်ကုန်ထုတ်ပမာဏမှာ ၂၁.၁ ရာခိုင်နှုန်းတိုးတက်လာပြီး ပြည်နယ်တွင်းလျှပ်စစ်သုံးနှုန်းမှာ ၉.၄၆ ရာခိုင်နှုန်းတိုးတက်လာကာ ပြည်နယ်ပြင်ပသို့ တင်ပို့မှုပမာဏမှာ ၃၇.၇၄ ရာခိုင်နှုန်းတိုးတက်လာရာ တက်ကြွမှုအားမန်နှင့် ရှင်သန်မှုစွမ်းအားတွင် အဆက်မပြတ် ဖွံ့ဖြိုးလာသည်။

ကိုယ်ပိုင်စီးပွားရေးအရည်အသွေးကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်ရန် လုပ်ငန်းဆောင်ရွက်ချက်ကို ထုတ်ပြန်၍ စီးပွားရေးလည်ပတ်မှုပတ်ဝန်းကျင် ကောင်းမွန်စေရန် ဆောင်ရွက်ချက်ကြီး ၁၀ ခုကို လုပ်ကိုင်ဆောင်ရွက်နေပါသည်။ အိုင်လိုင်ရှိ“ဖုန်းတစ်လုံးဖြင့် အလုပ်ကိစ္စကို ဖြေရှင်းဆောင်ရွက်”App ကို အသုံးပြုမှုဖြင့် စီးပွားရေးလည်ပတ်မှုပတ်ဝန်းကျင် အဆက်မပြတ်ကောင်းမွန်လာပါသည်။ ၂၀၁၉ ခုနှစ် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုကုန်သွယ်ညှိနှိုင်းပွဲကို အောင်မြင်စွာ ကျင်းပခဲ့ပြီး စီမံကိန်း ၄၀၇ ခုစာချုပ် ချုပ်ဆိုထားပြီး ရင်းနှီးမြှုပ်နှံမှုတရုတ်ယွမ်ငွေ ၆၀၉.၃ ဘီလီယံဝန်းကျင်ရှိပါသည်။

ပထမအကြိမ်မြောက်“ဒစ်ဂျစ်တယ်ယူနန်”Blockchain အပြည်ပြည်ဆိုင်ရာဖိုရိမ်ကို အောင်မြင်စွာကျင်းပ

အဓိကလုပ်ငန်းဆိုင်ရာ ပျိုးထောင်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်းကို လျင်မြန်စွာလုပ်ဆောင်နေသည်။ အဓိကလုပ်ငန်း ၈ ခုအတွက် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေ၍ ကမ္ဘာထိပ်သီး“ဖဲ ၃ ချက်”ကို ကြိုးစားအားထုတ်တည်ထောင်ပြီး ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးရေးအတွက် တက်ကြွစွာဖြင့် စီမံဆောင်ရွက်ကာ ခေတ်သစ်လုပ်ငန်းစနစ်တည်ထောင်ရန် ကြိုးစားဆောင်ရွက်နေသည်။“တစ်ရာ ၄ ခု”ဖြစ်သော အဓိကတည်ဆောက်ရေးစီမံကိန်းနှင့် “တစ်ရာ ၃ ခု”ဖြစ်သော စက်မှုလုပ်ငန်းပြုပြင်မြှင့်တင်းခြင်းစီမံကိန်းများကို တွန်းတင်ဆောင်ရွက်နေပါသည်။

ဇီဝဆေးပညာ၊ ထူးခြားသော ပစ္စည်းအသစ်လုပ်ငန်းများကို အဆက်မပြတ် အကောင်အထည်ဖော်ဖွံ့ဖြိုးတိုးတက်စေသည်။ Integration Project of Electro-aluminiumMaterial စတင်လုပ်ဆောင်ခြင်းနှင့် Hydroelectric Silicon Material ကုန်ထုတ်လုပ်စံပြစခန်း တည်ထောင်ထားခြင်း၊ လျှပ်စစ်ဓာတ်အားမော်တော်ယဉ်ဆိုင်ရာ ပမာဏနှင့် အဆင်ပြေစွာအသုံးပြုခြင်းများကို ပိုမိုတိုးတက်လာသည်။

“ခရိုင်တစ်ခု လုပ်ငန်းတစ်ခု”စံပြခရိုင် ၂၀ ခုကို ရွေးချယ်ရန် တက်ကြွစွာ လုပ်ဆောင်သည်။“ဖုန်းတစ်လုံးဖြင့် ယူနန်ပြည်နယ်ထွက်ကုန်စုစည်း”App ဆိုင်ရာကုန်စည်အရေအတွက်၊ အရည်အသွေးနှင့် အရောင်းဝင်ငွေတွင် ထင်ထင်ရှားရှား မြင်တွေ့နိုင်ပြီး အသစ်မှတ်ပုံတင်ထားသော လုပ်ငန်းကုမ္ဗဏီ ၂၄ ခု၊ ကုန်စည် ၈၅ မျိုး၊ ကုန်ပစ္စည်း ၄၃၀၂ ခုရှိသည်။

ပထမအကြိမ်မြောက်အပြည်ပြည်ဆိုင်ရာစမတ်ခရီးသွားလာရေးဆွေးနွေးပွဲကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။“ဖုန်းတစ်လုံးဖြင့် ယူနန်ပြည်နယ်ခရီးလှည့်လည်”App ဆိုင်ရာစွမ်းဆောင်နိုင်မှုကို အဆက်မပြတ် မြှင့်တင်ပေးနေခြင်းဖြင့် ခရီးသွားဈေးကွက်အခြေအနေတွင် အဆက်မပြတ် ကောင်းမွန်လာပါသည်။ “ဒစ်ဂျစ်တယ်ယူနန်”တည်ထောင်၍ “ဒစ်ဂျစ်တယ်မြို့နယ်ငယ်”စမ်းသပ်ဇွန်ကို အဆင်ပြေစွာတည်ထောင်လုပ်ဆောင်နေသည်။ ပထမအကြိမ်မြောက်“ဒစ်ဂျစ်တယ်ယူနန်”Blockchain အပြည်ပြည်ဆိုင်ရာဖိုရိမ်ကို အောင်မြင်စွာကျင်းပပြီး တရုတ်-ထိုင်း ဒစ်ဂျစ်တယ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရိမ်ကို အောင်မြင်စွာကျင်းပရန်အတွက် အကူအညီပေး၍ သက်ဆိုင်ရာလုပ်ငန်းစီမံကိန်းကို လုပ်ကိုင်ဆောင်ရွက်ရန် တွန်းတင်ပေးသည်။

ဆင်းရဲနွမ်းပါးခရိုင် ၄၈ ခုသည် ဆင်းရဲနွမ်းပါးမှုပပျောက်ပြီ

ဖွံ့ဖြိုးတိုးတက်ရေးအတွက်အခြေခံအကြောင်းအရာပိုမိုကောင်းမွန်လာသည်။အဓိကနယ်ပယ်များတွင် အရေးပေါ်ကာကွယ်ရေးနှင့် ဆောင်ရွက်ရေးတွင် တိုးတက်နေသည်။ အစိုးရကြွေးမြီးသည် ထိန်းသိမ်းနိုင်သောနယ်ပယ်အတွင်းတွင် ထားရှိ၍တရုတ်ယွမ်ငွေ၅၅.၇၉ ဘီလီယံရှိသောအစိုးရငွေချေးလက်မှတ်ကိုထုတ်ပြန်ကြောင်း၊ ကြွေးမြီဈေးကွက်မှ လုပ်ငန်း ၁၀ ခုနှင့် စာချုပ်ချုပ်ဆိုထားပြီး စာချုပ်ငွေမှာ တရုတ်ယွမ်ငွေ ၆၉.၈၀၃ ဘီလီယံရှိကြောင်း သတင်းအရသိရပါသည်။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းကို တက်ကြွစွာလုပ်ဆောင်၍ ဆင်းရဲနွမ်းပါးခရိုင် ၄၈ ခုသည် ဆင်းရဲနွမ်းပါးမှုပပျောက်သွားပြီဖြစ်ကြောင်း သတင်းအရသိရသည်။

ယူနန်ကွန်ရက်မှ သတင်းထောက်။ ။ရန်ဖိန်၊ တိုက်ရွက် (အလုပ်သင်သတင်းထောက်)၊ ကျူးဟောင့်မင် (အလုပ်သင်သတင်းထောက်)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006