၁၇ ကြိမ်မြောက် တရုတ် နိုင်ငံတကာ ဒီဂျစ်တယ် ဖျော်ဖြေရေး လုပ်ငန်း အစည်းအဝေးကို ယခုလ ၁ ရက်နေ့က ရှန်ဟိုင်းမြို့တွင် ဖွင့်လှစ်ခဲ့ကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။
၎င်းအစည်းအဝေးတွင် ”၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ တရုတ် ဂိမ်းလုပ်ငန်း အစီရင်ခံစာ”ကို ထုတ်ပြန်ခဲ့ရာ ယခုနှစ် ပထမနှစ်ဝက်ပိုင်း၌ တရုတ် ဂိမ်းဈေးကွက် ရောင်းချမှု ဝင်ငွေပမာဏမှာ တရုတ်ယွမ်ငွေ ၁၁၄ ဘီလီယံကျော်ရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၈့၆ ရာခိုင်နှုန်း တိုးလာကြောင်း၊ ယခုနှစ် ဇွန်လ အထိ တရုတ်ပြည်တွင် ဂိမ်းကစား သုံးစွဲသူ ဦးရေမှာ သန်း ၆၄၀ ကျော် ရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၅့၉ ရာခိုင်နှုန်း တိုးလာကြောင်း ဖော်ပြသည်။