ယခုနှစ် ပထမ(၆)လပိုင်းတွင် ကူမင်းလူဝင်မှုကြီးကြပ်ရေးဌာနသည် စစ်ဆေးရေးစခန်းသို့ ပြည်ဝင်ပြည်ထွက် ခရီးသည်ဦးရေ ၂၃.၆ သိန်း၊ လေယာဉ်ပျံ ၁၈၄၅၈ စီး ရောက်ရှိစစ်ဆေးခဲ့ရာ ၂၀၁၈ ခုနှစ် အလားတူကာလထက် ၁၈.၄%နှင့် ၁၄.၂% အသီးသီး တိုးများခဲ့သည်။
ကူမင်းလူဝင်မှုကြီးကြပ်ရေးဌာနသည် ကူမင်းချန်ရွှေအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် လူဝင်မှုကြီးကြပ်ရေးအဓိက တာဝန်ထမ်းဆောင်ပါသည်။ ယခုနှစ်ပိုင်းက ယူနန်ပြည်နယ်၏ စီးပွားရေးနှင့်လူမှုအသိုက်အဝန်း အဆက်မပြတ် ဖွံ့ဖြိုးလာသည်နှင့်အမျှ ကူမင်းချန်ရွှေအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ပြည်ဝင်ပြည်ထွက်လေယာဉ်ပျံနှင့် ခရီးသည်ဦးရေသည် နှစ်စဉ် ပျမ်းမျှအားဖြင့် ၂၀% တိုးလျက်ရှိနေပါသည်။ ပြည်ဝင်ပြည်ထွက်ခရီးသည်ဦးရေ အရှိန်အဟုန်မြင့် တိုးမြှင့်နေသည့် ပုံမှန်အခြေအနေကို ရင်ဆိုင်ရန်အတွက် ကူမင်းလူဝင်မှုကြီးကြပ်ရေးဌာနသည် ယူနန်ပြည်နယ်၏ စီးပွားရေးနှင့်လူမှုအသိုက်အဝန်း ဝန်ဆောင်ပေးရန် အခြေခံပြီး "ရှုဖွယ်စုံလင် ယူနန်တစ်ခွင်၊ ဝန်ဆောင်မှုကောင်းမွန်သော လူဝင်မှုကြီးကြပ်ရေးဌာန" ဟူသော ဝန်ဆောင်မှုတံဆိပ်ကို ပိုမို ထင်ရှားစေရန် လူဝင်မှုကြီးကြပ်ရေးလုပ်ဆောင်ချက်ကို အဆင့်မြှင့်တင်ပြောင်းလဲခြင်း၊ အဆင်ပြေစွာ ပြည်ဝင်ပြည်ထွက်နှင့် ဝန်ဆောင်မှုအရည်အချင်းကို မြှင့်တင်ခြင်းကို ဖော်ဆောင်ပါသည်။ လေကြောင်းကုမ္ပဏီ၊ ပူးတွဲစစ်ဆေးရေးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစနစ်ကို တည်ဆောက်ကာ API ပြည်ဝင်ပြည်ထွက် ခရီးသည်ဦးရေခန့်မှန်းစနစ်ဖြင့် လေယာဉ်ပျံအခြေအနေနှင့် ခရီးသည်ဦးရေကို ကြိုတင်သိရှိရန် အထောက်အကူဖြစ်စေသည်။ ခရီးသည်ဦးရေ၏ ပြောင်းလဲမှုအတိုင်း တာဝန်ကျသော အလုပ်ဝန်ထမ်းဦးရေကို ပြန်ညှိသည်။ ခရီးသွားလာရေးအဖွဲ့ အဆင်ပြေစွာ ပြည်ဝင်ပြည်ထွက်ဝန်ဆောင်မှု၊ တရုတ်ပြည်သူလူထု အထူးသွားလာလမ်းကြောင်းဝန်ဆောင်မှု စသည့် ပြည်သူလူထု အကျိုးပြုစေသော လုပ်ဆောင်ချက်ကို ကျင့်သုံးပြီး ပြည်တွင်းပြည်ပခရီးသည်များ ကောင်းကျိုးများစွာ သယ်ဆောင်လာပါသည်။
သတင်းထောက်--Zuo Chao