ရှီကျင့်ဖျင်၏ ယဉ်ကျေးမှုအတွေးအမြင်များ

2019-08-07 18:12:40 |သတင်းအရင်းအမြစ် 《吉祥》杂志

မေလ ၁၅ ရက်နေ့တွင် အာရှယဉ်ကျေးမှုဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ပေကျင်းမြို့၌ ကျင်းပရာ တရုတ်နိုင်ငံတော်သမ္မတရှီကျင့်ဖျင်သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး "ယဉ်ကျေးမှုဆိုင်ရာဖလှယ်ရေးနှင့် အပြန်အလှန်လေ့လာရေး ပိုမို နက်ရှိုင်းလာရန် ကြိုးပမ်းဆောင်ရွက်ရေး၊ အာရှကံကြမ္မာတူအသိုက်အဝန်း အတူတည်ဆောက်ရေး"ခေါင်းစဉ်ဖြင့် အဓိကဆွေးနွေးပြောကြားခဲ့ပြီး အလှတွင်အယဉ်ဆင့်၊ အလှချင်းရယ်ပြိုင် ဘယ်သူယှဉ်နိုင်ပေါ့ဟူသော ယဉ်ကျေးမှုဆိုင်ရာ အတွေးအမြင်ကို တင်ပြပါသည်။

ယဉ်ကျေးမှုသည် အမျိုးမျိုးရှိလျက် အပြန်အလှန် ဖလှယ်ခြင်း၊ အပြန်အလှန် ဖလှယ်ရာမှ အပြန်အလှန် အတုယူလေ့လာခြင်း၊ အပြန်အလှန် အတုယူလေ့လာခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်လာစေခြင်းဖြစ်ကြောင်း၊ မိမိတို့သည် ကမ္ဘာပေါ်တွင် မတူသောနိုင်ငံများ၊ မတူသောလူမျိုးစုများနှင့် မတူသောယဉ်ကျေးမှုများအကြား အပြန်အလှန် လေ့လာအတုယူခြင်းကို မြှင့်တင်ခြင်းဖြင့် အာရှကံကြမ္မတူအသိုက်အဝန်းနှင့် လူသားကံကြမ္မတူအသိုက်အဝန်းဟူသော လူမှုယဉ်ကျေးမှု အခြေခံအုတ်မြစ်ကို အတူတကွ တည်ဆောက်ရမည်ဖြစ်ကြောင်း၊ ထို့အတွက် မိမိမှ အဆိုပြုချက် ၄ ချက်ကို အဆိုပြုတင်ပြမြည်ဖြစ်ကြောင်း ရှီကျင့်ဖျင်က ပြောကြားခဲ့ပါသည် ။

ပထမအဆိုပြုချက် ၊၊ အပြန်အလှန် လေးစားခြင်း ၊ တန်းတူညီမျှစွာ ပေါင်းသင်းဆက်ဆံခြင်း ။
ဒုတိယအဆိုပြုချက် ။ အလှတွင် အယဉ်ဆင့်၊ အလှချင်းရယ်ပြိုင်ခြင်း။

တတိယအဆိုပြုချက်။ တံခါးဖွင့်ခြင်းနှင့် သဘောထားကြီးခြင်းအား စွဲစွဲမြဲမြဲ ဆုပ်ကိုင်လျက် အပြန်အလှန် လေ့လာအတုယူခြင်း။

စတုတ္ထအဆိုပြုချက်။ အချိန်နှင့်တစ်ပြေးညီ ရှေ့သို့ တိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ခြင်းနှင့် တီထွင်ဆန်းသစ်ခြင်းဖြင့် ဖွံ့ဖြိုးတိုး တက်လာအောင် ကြိုးပမ်းအားထုတ်ခြင်း။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006