အာရှ-ဥရောပညီလာခံ အာရှအဆင့်မြင့်အရာရှိများအစည်းအဝေးကို ချင်တူးမြို့တွင် ကျင်း ပ

2019-08-08 18:19:10 |သတင်းအရင်းအမြစ် CRI

တရုတ်နိုင်ငံမှ အဆိုတင်သွင်းပြီး ဦးစီးကျင်းပသော အာရှ-ဥရောပညီလာခံအာရှ အဆင့် မြင့်အရာရှိများအစည်းအဝေးကို ယခုလ ၆ ရက်နေ့က စီချွမ်းပြည်နယ် ချင်တူးမြို့တွင် ကျင်းပခဲ့ ကြောင်း၊ အာရှနိုင်ငံနှင့်အာဆီယံနိုင်ငံ၂၁ နိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယများက အစည်းအဝေးသို့ တက်ရောက်ကြကြောင်း၊ တရုတ်နိုင်ငံခြားရေးဒုဝန်ကြီးမာချောင်ရွှေ့သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ပြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

မာချောင်ရွှေ့က အာရှ-ဥရောပညီလာခံသည် အာရှနှင့်ဥရောပတိုက်ကုန်းတွင်းတွင် အကြီးဆုံးသော အစိုးရချင်းဆွေးနွေးမှုပူးပေါင်းဆောင်ရွက်ရေးပလက်ဖေါင်းဖြစ်ကြောင်း၊ လက်ရှိနိုင်ငံတကာအခြေအနေ အောက်တွင် အာရှ-ဥရောပဘက်အသီးသီးတို့ အထူးသဖြင့် အာရှအဖွဲ့ဝင်နိုင်ငံများသည် သွေးစည်း ညီညွတ်ပြီး ပူးပေါင်းဆောင်ရွက်မှုတွန်းအားပေးကာ နိုင်ငံစုံဝါဒကို ထိန်းသိမ်းကာကွယ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006