"အာဆီယံနေ့" ဂုဏ်ပြုအထိမ်းအမှတ်လှုပ်ရှားမှုကူမင်းမြို့တွင် ကျင်းပ

2019-08-09 18:33:46 |သတင်းအရင်းအမြစ် 云南日报

အာဆီယံဂုဏ်ပြုသီချင်းဖြစ်သော"အာဆီယံလမ်းကြောင်း" တေးသံသာနှင့်အတူ"အာဆီယံနေ့" ဂုဏ်ပြုအထိမ်းအမှတ်လှုပ်ရှားမှုကို သြဂုတ်လ(၈)ရက်နေ့က ကူမင်းမြို့တွင် ပထမအကြိမ် ကျင်းပကြောင်းယူနန်နေ့စဉ်သတင်းစာမှ သိရပါသည်။

"အာဆီယံနေ့"သည် အာဆီယံထူထောင်သော နှစ်ပတ်လည်နေ့ ဖြစ်သည်။ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့်ထိုင်းစသည့် နိုင်ငံ(၅)ခုတို့သည် ဘန်ကောက်မြို့တွင် အာဆီယံအားစတင်ထူထောင်ခဲ့သည်။ (၅၂)နှစ်တာခရီးဖြတ်သန်းပြီးနောက် အာဆီယံအဖွဲ့သည် နိုင်ငံ(၁၀)နိုင်ငံဖြင့် ဖွဲ့စည်းနိုင်ခဲ့ပြီး လူဦးရေသန်းပေါင်း(၆၀၀)နှင့်GDP စုစုပေါင်းပမာဏဒေါ်လာ ၂.၄ ထရီယံ (တရုတ်ယွမ်ငွေ ၁၄.၉ ထရီယံနှင့်ညီမျှသည်) ရှိသောမဟာမိတ်အဖွဲ့ဖြစ်လာပါသည်။

၂၀၀၃ ခုနှစ်တွင် တရုတ်နှင့် အာဆီယံအကြားမဟာမိတ်အဖွဲ့ဆက်ဆံရေးထူထောင်ခဲ့ ပါသည်။ အဆိုပါလှုပ်ရှားမှုတွင် တရုတ်နိုင်ငံယူနန်သည် လာအို၊ မြန်မာနှင့် ဗီယက်နမ်စသည့်အာဆီယံနိုင်ငံ(၃)နိုင်ငံနှင့် နယ်နိမိတ်ချင်းဆက်စပ်လျက်ရှိသော တစ်ခုတည်းသောပြည်နယ် ဖြစ်သကဲ့သို့ "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်"အဆိုပြုချက်၏ အရေးပါသောတည်နေရာ၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု၏ ရှေ့တန်းပြည်နယ်ဖြစ်ကြောင်း၊ အာဆီယံနိုင်ငံများအကြားအပြန်အလှန် ချိတ်ဆက်ရာတွင် "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်"အဆိုပြုချက်၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုနှင့် မဟာမဲခေါင်မြစ် မြစ်ဝှမ်းဒေသပူးပေါင်းဆောင်ရွက်မှုစသည်တို့ဖြင့်ဝိုင်းဝန်းဆောင်ရွက်နိုင်ကြောင်း၊ ယူနန်ပြည်နယ်နှင့်အတူဖွံ့ဖြိုးတိုးတက်မှုရလဒ်များအားအပြည့်အ၀ မျှဝေကာ အချင်းချင်းမိတ်ဖက်ဆက်ဆံရေး တိုးပွားလာစေနိုင်မည်ဖြစ်ကြောင်း ပါဝင်တက်ရောက်သော နိုင်ငံအသီးသီးကဧည့်သည်များကသုံးသပ်ပြောကြားကြသည်။

ယူနန်ပြည်နယ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးကျန်းကော်ဟွာသည် အဆိုပါလှုပ်ရှားမှု တွင်ပါဝင်တက်ရောက်ကာထိုင်း၊ လာအို၊ မလေးရှား၊ မြန်မာနှင့် ဗီယက်နမ်စသည့်နိုင်ငံများ၏ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်များနှင့် ချုံချင့်မြို့အခြေစိုက် ဖီလစ်ပိုင်နိုင်ငံကောင်စစ်ဝန်ချုပ်အား တွေ့ဆုံပါသည်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံအနေနှင့် ကူမင်းအခြေစိုက်ထိုင်းနိုင်ငံကောင်စစ်ဝန်ချုပ် Ms.NitivadeeManitkulသည် အဖွဲ့ကိုယ်စားပြုကာ အမှာစကားပြောကြားသည်။

သတင်းထောက်--Wang Huan၊ Duan Yi၊ FengYaxin၊ Zhang Xiaoyu

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006