“ဒီနှစ် ပထမနှစ်ဝက်အတွင်းမှာ တစ်ပြည်နယ်လုံးကုန်ထုတ်လုပ်မှုစုစုပေါင်းတန်ဖိုးမှာ ၉.၂% တိုးတက်လာပြီး လျင်မြန်စွာဖွံ့ဖြိုးတိုးတက်နေပါတယ်။”သြဂုတ်လ ၁၂ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးသည် ပေကျင်းမြို့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် နှစ်(၇၀)ပြည့် အထိမ်းအမှတ် ဂုဏ်ပြုအစီအစဉ် ယူနန်ပြည်နယ်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ကျင်းပရာတွင် ယူနန်ပြည်နယ်ပါတီကော်မတီအတွင်းရေးမှူး မစ္စတာချန်ဟောင်က ကိန်းဂဏန်းအချက်အလက်ဖြင့် ယူနန်ပြည်နယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအစီရင်ခံစာ၌ ဖော်ပြထားပါသည်။
ကွန်မြူနစ်ပါတီ၏ ၁၈ ကြိမ်မြောက်ပြည်လုံးကျွတ်ညီလာခံမှစ၍ ယူနန်ပြည်နယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာသည်။ စီးပွားရေးစုစုပေါင်းပမာဏသည် တစ်နိုင်ငံလုံးဆိုင်ရာအဆင့် ၂၄ နေရာမှ ၂၀၁၈ ခုနှစ် တစ်နိုင်ငံလုံးဆိုင်ရာအဆင့် ၂၀ နေရာသို့ တိုးတက်ရောက်ရှိလာပြီး တရုတ်ယွမ်ငွေ ၁၈၀ ဘီလီယံဝန်းကျင်ရှိခဲ့ရာ ၁၉၅၂ ခုနှစ်ထက် ၂၀၅ ဆတိုးတက်လာပါသည်။ နေရာဒေသဆိုင်ရာအများသုံးစုစုပေါင်းဘဏ္ဍာရေးနှစ်ဝင်ငွေမှာ တရုတ်ယွမ်ငွေ ၃၇၀ ဘီလီယံကျော်ပြီး ၁၉၅၂ ခုနှစ်ထက် ၁၉၈၈ ဆတိုးတက်လာပါသည်။ ယနှစ် ပထမနှစ်ဝက်အတွင်း တစ်ပြည်နယ်လုံးကုန်ထုတ်လုပ်မှုစုစုပေါင်းတန်ဖိုးသည် ၉.၂% တိုးတက်လာရာ လျင်မြန်စွာ တိုးတက်နေပါသည်။
ယူနန်ပြည်နယ်သည် “ကွန်ရက် ၅ မျိုး”ဆိုင်ရာအခြေခံအဆောက်အဦးများကို ခိုင်ခိုင်မာမာတည်ဆောက်နေပါသည်။ တစ်ပြည်နယ်လုံးတွင် အမြန်ကားလမ်းအရှည်မှာ ၅၁၉၈ ကီလိုမီတာရှိကြောင်း၊ မီးရထားခရီးလမ်းကြောင်းမှာ ၃၈၅၆ ကီလိုမီတာ(မြန်နှုန်းမြင့်ရထားမှာ ၁၀၂၆ ကီလိုမီတာရှိသည်)ရှိကြောင်း၊ လေဆိပ် ၁၅ ခုရှိကြောင်း သိရပါသည်။ လေကြောင်းအနေဖြင့် ကူမင်းမြို့နှင့် အရှေ့တောင်အာရှနိုင်ငံမြို့တော်များသို့ ဆက်သွယ်နေသည့် ပြည့်စုံသည့် လမ်းကြောင်းရှိနေသည်။ လမ်းပန်းဆက်သွယ်ရေးကွန်ရက်သည် ပြည့်စုံစွာ ဆက်သွယ်လွှမ်းခြုံနေသည်။ တျိန်(ယူနန်ပြည်နယ်)အလယ်ပိုင်းဒေသဆိုင်ရာ ရေလွှဲစီမံကိန်းကို တရားဝင်စတင်တည်ဆောက်လျက်ရှိသည်။ စွမ်းအင်ကွန်ရက်တွင် မြို့-ရွာ ပေါက်ရောက်ဖြန့်ကျက်နေသည်။ အင်တာနက်ကွန်ရက်တွင် နေရာအနှံ့လွှမ်းခြုံအကျိုးဆောင်နေသည်။ ပစ္စည်းပို့ဆောင်ရေးကွန်ရက်ကို ပြီးပြည့်စုံအောင် လျင်မြန်စွာ တည်ဆောက်နေပါသည်။ နှစ်ပေါင်းကြာရှည်စွာ တည်ရှိနေသော ယူနန်ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးနေသည့် ပိတ်ဆို့မှုများကို ထိုးဖောက်ဆောင်ရွက်နေသည်။
ယူနန်ပြည်နယ်သည် “အမှု ၂ မှု၊အရေး၃ ပါး”(တံခါးဖွင့်မှု၊ တီထွင်ဖန်တီးမှုနှင့် အဆင့်မြင့်ရေး၊ သတင်းအချက်အလက်နည်းပညာပါရှိရေး၊ အစိမ်းရောင်ဖြစ်ရေး)ကို လိုက်နာဆောင်ရွက်နေပါသည်။ ရိုးရာလုပ်ငန်းများကို ပြုပြင်ပြောင်းလဲရန် တွန်းအားပေးနေသည်။ ထွန်းသစ်စလုပ်ငန်းကို တိုက်တွန်းပျိုးထောင်နေပါသည်။ ယူနန်ပြည်နယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အင်တိုက်အားတိုက် အရှိန်မြှင့်တင်ဆောင်ရွက်နေကြောင်း သတင်းအရသိရပါသည်။
Photos by Chen Fei and Lei Tongsu