တရုတ်-အိန္ဒိယ နှစ်နိုင်ငံ အဆင့်မြင့်အရာရှိ လူမှုရေးရာဖလှယ်မှုဆိုင်ရာ ဒုတိယအကြိမ်အစည်းအဝေး ပေကျင်းမြို့တွင်ကျင်းပ

2019-08-13 18:29:35 |သတင်းအရင်းအမြစ် 新华网

တရုတ်-အိန္ဒိယ နှစ်နိုင်ငံ အဆင့်မြင့်အရာရှိ လူမှုရေးရာဖလှယ်မှုဆိုင်ရာ ဒုတိယအကြိမ် အစည်းအဝေး ကို သြဂုတ် ၁၂ ရက်က ပေကျင်းမြို့တွင် ကျင်းပရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ၀မ်ရိနှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဆူဘရာမန်ယန် ဂျိုင်ရှန်ကာတို့က အစည်းအဝေးသဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တရုတ်-အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်းဖလှယ်ရေးဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုးနေစဉ်(ဆင်ဟွာ)

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ၀မ်ရိက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် နာရန်ဒြာ မိုဒီတို့ အတူအဆိုပြုခဲ့သော တရုတ်-အိန္ဒိယ နှစ်နိုင်ငံ အဆင့်မြင့်အရာရှိ လူမှုရေးရာဖလှယ်မှုသည် နှစ်နိုင်ငံဆက်ဆံရေး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် တည်ဆောက်ထားသည့် အရေးကြီးပလက်ဖောင်းသစ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်-အိန္ဒိယ နှစ်နိုင်ငံအကြား လူမှုရေးရာဖလှယ်မှုကို တိုးမြှင့်ဆောင်ရွက်ပြီး သဘောတူညီချက်များကို စုစည်းကာ နှစ်နိုင်ငံ ရှိ ရင်းစွဲအစဉ်အလာချစ်ကြည်ရေးကို ပြန့်ပွားအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တူညီမှုမတူညီမှုအားလုံးကို သဘောထားကြီးစွာလက်ခံကာ တရုတ်-အိန္ဒိယ နှစ်နိုင်ငံ ယဉ်ကျေးမှုကဏ္ဍတွင် အပြန်အလှန်လေးစားသင့်မြတ်သည့် စာမျက်နှာသစ်ကို လက်တွဲအတူ ရေးဆွဲ သွားရန် လိုအပ်ပါကြောင်း၊ တရုတ်-အိန္ဒိယ သံတမန်ဆက်ဆံရေးတည်ထောင်သည့် ၇၀ ပြည့်နှစ် ဖြစ်သည့် လာမည့်နှစ်တွင် လူမှုရေးရာ ဖလှယ်မှုများကို အရောင်အသွေးစုံလင်စွာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဆူဘရာမန်ယန် ဂျိုင်ရှန်ကာကလည်း အိန္ဒိယနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ လူမှုရေးရာကဏ္ဍဖလှယ်မှုများ ပိုမို တိုးတက်ဖွံ့ဖြိုး တွန်းအားပေးဆောင်ရွက်သွား လိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးအပြီးတွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ၀မ်ရိနှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာ ၀န်ကြီး ဆူဘရာမန်ယန် ဂျိုင်ရှန်ကာတို့သည် ၂၀၂၀ ခုနှစ် တရုတ်-အိန္ဒိယ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပူးပေါင်းဖလှယ်ရေးဆိုင်ရာ စီမံချက် သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီး ယဉ်ကျေးမှု၊ အားကစား ၊ တိုင်းရင်းဆေး၊ ပြတိုက်စသည့် လူမှုရေးရာကဏ္ဍပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်လက်မှတ်ရေးထိုးမှုများအား သက်သေပြုခဲ့ကြကြောင်း သိရသည်။ (Xinhua)

တရုတ်-အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်းဖလှယ်ရေးဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုးနေစဉ်(ဆင်ဟွာ)

တရုတ်-အိန္ဒိယ နှစ်နိုင်ငံ အဆင့်မြင့်အရာရှိ လူမှုရေးရာဖလှယ်မှုဆိုင်ရာ ဒုတိယအကြိမ် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006