ရှီကျင့်ဖိန်နှင့် ဘရာဇီးသမ္မတတို့သည်၊ တရုတ်-ဘရာဇီး သံအဆက်အသွယ် ထားရှိခဲ့သည့် ၄၅ နှစ်မြောက်အတွက် ဂုဏ်ပြုကြောင်း သဝဏ်လွှာ အပြန်အလှန် ပေးပို့

2019-08-16 18:07:30 |သတင်းအရင်းအမြစ် CRI

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် ဘရာဇီး ပြည်ထောင်စု သမ္မတနိုင်ငံ သမ္မတ Bolsonaro တို့သည်၊ ယခုလ ၁၅ ရက်နေ့က နှစ်နိုင်ငံ သံအဆက်အသွယ် ထားရှိခဲ့သည့် ၄၅ နှစ်မြောက်အတွက် ဂုဏ်ပြုကြောင်း သဝဏ်လွှာကို အပြန်အလှန် ပေးပို့ခဲ့ကြသည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ထိုသဝဏ်လွှာတွင် ရှီကျင့်ဖိန်က တရုတ်၊ ဘရာဇီးတို့သည်၊ ဖွံ့ဖြိုးဆဲနိုင်ငံကြီးနှင့် အရေးကြီး ထွန်းသစ်စ ဈေးကွက်များဖြစ်ကြကြောင်း၊ ယခုလောလောဆယ် တရုတ်နှင့် ဘရာဇီးနှစ်နိုင်ငံတို့သည်၊ ဖွံ့ဖြိုးရေး၏ သော့ချက်ကျကာလတွင် တည်ရှိနေကြပြီး၊ ပူးပေါင်းဆောင်ရွက်မှု ရှေ့အလားအလာများစွာရှိကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရ သိရသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006