တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၉ ရက်နေ့က ကမ်စု ပြည်နယ်သို့ သွားရောက် လည်ပတ်ကြည့်ရှုခဲ့ကြောင်း၊ ၁၉ ရက်နေ့ ညနေပိုင်းက ရှီကျင့်ဖိန်သည် နိုင်ငံတော် အဓိက ထိန်းသိမ်းကာကွယ်ရေး ရှေးဟောင်း ယဉ်ကျေးမှု အဆောက်အဦး တွင်းဟွမ်မြို့ မိုကော်ခူ ကျောက်လိုင်ဂူသို့ ရောက်ရှိပြီး ရှေးဟောင်း ယဉ်ကျေးမှု ထိန်းသိမ်းရေးနှင့် သုတေသနပြုရေး၊ သမိုင်းယဉ်ကျေးမှုများ ထွန်းကားရေး စသဖြင့်ကို လေ့လာကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။
ရှီကျင့်ဖိန်က၊ အော်ပရာ၊ အရပ်ဘက် အနုပညာ၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များအပါအဝင် တရုတ် ရိုးရာယဉ်ကျေးမှု အနှစ်သာရများ ဆက်ခံ ထိန်းသိမ်းထွန်းကားရေးကို အားပေးထောက်ခံရမည် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။
ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် ဖြစ်သည့်တွင်းဟွမ်မြို့ မိုကော်ခူ ကျောက်လိုင်ဂူသည် တရုတ်ပြည်တွင် လက်ရှိ အတိုင်းအတာ အကြီးမားဆုံးသော ကျောက်လိုင်ဂူ ဖြစ်ပြီး ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း အကြွင်းအကျန် အဆောက်အဦးများ ဖြစ်ကြောင်း သိရပါသည်။