အရှေ့အာရှထိပ်သီးအစည်းအဝေး စွမ်းအင်သစ်ဖိုရမ် ကူမင်းမြို့တွင်ကျင်းပ

2019-08-22 19:16:55 |သတင်းအရင်းအမြစ် 云南日报

အရှေ့အာရှထိပ်သီးအစည်းအဝေး စွမ်းအင်သစ်ဖိုရမ် ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၂၁ ရက်နေ့က ကူမင်းမြို့တွင် ကျင်းပကြောင်း ယူနန်နေ့စဉ်သတင်းစာမှ သိရပါသည်။

အမေရိကန်၊ နယူးဇီလန်၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန် စသည့်နိုင်ငံနှင့် တရုတ်အာဆီယံစင်တာ စသည့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊ တရုတ်သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မတီ၊ တရုတ်သိပ္ပံနှင့်နည်းပညာအကယ်ဒမီ စသည့်ဌာနများနှင့် ပေကျင်း၊ ရှန်ဟိုင်း၊ ယူနန် စသည့် ပြည်နယ်နှင့်မြို့များမှ ကိုယ်စားလှယ်များသည် အဆိုပါဖိုရမ်ကို တက်ရောက်ကြသည်။ အစည်းအဝေးသို့ တက်ရောက်လာကြသော ကိုယ်စားလှယ်များသည် Think Tank တွန်းအားပေးမှုဆွေးနွေးပွဲ၊ ရှေ့အလားအလာနှင့် ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲ၊ သိပ္ပံနည်းပညာနှင့် ကုန်ပစ္စည်းဖိုရမ်၊ တီထွင်ဆန်းသစ်မှု ပေါ်လစီနှင့် စီးပွားရေးလုပ်ကိုင်မှုပုံစံဖိုရမ် စသည့်အစီအစဉ်များတွင် ပါဝင်တက်ရောက်ကြကြောင်း၊ စွမ်းအင်သစ် နည်းပညာနှင့် ကုန်ပစ္စည်းပြသမှုကို လေ့လာခြင်း၊ သိပ္ပံနည်းပညာ ပူးပေါင်းဆောင်ရွက်မှုစနစ်သစ်ကို အတူညှိနှိုင်းဆွေးနွေးခြင်း၊ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု ရလဒ်သစ်များ အတူမျှဝေခြင်းနှင့် ဒေသ အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးခြင်း စသည်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်ကြကြောင်း သိရပါသည်။

ဤဖိုရမ်တွင် အရှေ့အာရှထိပ်သီးအစည်းအဝေး နိုင်ငံအသီးသီးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာနှင့် "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်" အဆိုပြုချက်တို့အား ချိတ်ဆက်နိုင်ရန်၊ ဒေသသိပ္ပံနည်းပညာ တီထွင်ဆန်းသစ်မှု၊ တံခါးဖွင့်လှစ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရန်၊ ဒေသသိပ္ပံနည်းပညာ တီထွင်ဆန်းသစ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အသိုင်းအဝန်း တည်ဆောက်ရန် တရုတ်နိုင်ငံသည် ဆက်လက်၍ အားပေးထောက်ခံကြောင်း၊ တရုတ်နိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူက ပြောပါသည်။ ဒုတိယအကြိမ် "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်" နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ကျင်းပစဉ် တရုတ်နိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် အလွှာပေါင်းစုံတို့က အတည်ပြုခဲ့သော "တီထွင်ဆန်းသစ်မှုလမ်းမ" ပူးပေါင်းဆောင်ရွက်မှု အဆိုပြုချက်အရ စွမ်းအင်သစ်ကဏ္ဍတွင် သိပ္ပံနှင့်နည်းပညာဖလှယ်ရေး၊ ပူးတွဲစမ်းသပ်ခန်း အတူတည်ဆောက်ရေး၊ သိပ္ပံနှင့်နည်းပညာဥယျာဉ်ခြံ ပူးပေါင်းဆောင်ရွက်မှုနှင့် နည်းပညာ ပြောင်းရွှေ့ရေး စသည်တို့ကို တရုတ်နိုင်ငံသည် တက်ကြွစွာ တွန်းအားပေးနိုင်လိမ့်မည်ဖြစ်သည်။ ယူနန်သည် အရှေ့အာရှထိပ်သီးအစည်းအဝေး စွမ်းအင်သစ် ဖိုရမ်၏ ဦးစီးကြီးမှူးကျင်းပသူအနေနှင့် အကျိုးကျေးဇူးများ ပို၍ သက်ရောက်စေရန်၊ အရှေ့အာရှ ထိပ်သီးအစည်းအဝေးမှ နိုင်ငံအသီးသီး တို့သည် စွမ်းအင်သစ်ကဏ္ဍတွင် သိပ္ပံနှင့်နည်းပညာရလဒ်များ ဖော်ဆောင်ရန် မြှင့်တင်ပေးလိုကြောင်း ဖိုရမ်တွင် အတည်ပြုသည်။

အဆိုပါဖိုရမ်အား တရုတ်သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဦးစီးဌာန၊ ယူနန်ပြည်နယ် သိပ္ပံနှင့်နည်းပညာဦးစီးဌာနတို့မှ ဦးစီးကာ ယူနန်ပြည်နယ် သိပ္ပံနှင့်နည်းပညာ အကယ်ဒမီ၊ တရုတ်-အာဆီယံ တီထွင်ဆန်းသစ်မှုစင်တာနှင့် တရုတ်-တောင်အာရှနည်းပညာ ပြောင်းရွှေ့ခြင်းစင်တာ တို့မှ တာဝန်ယူကျင်းပခြင်းဖြစ်သည်။

သတင်းထောက်--W u Ping၊ Ji Zheng

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006