၂၀၁၉ ခုနှစ်လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကုန်စည်ပြပွဲ နိုဝင်ဘာလတွင် ကျင်းပမည်

2019-08-26 19:02:26 |သတင်းအရင်းအမြစ် 云南网-云南经济日报

၂၀၁၉ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကုန်စည်ပြပွဲအား နိုဝင်ဘာလ ၂၁ မှ ၂၅ ရက်နေ့ ထိ ကူမင်းနိုင်ငံတကာကွန်ဗင်းရှင်းစင်တာတွင် ကျင်းပမည်ဖြစ်ကြောင်း သြဂုတ်လ(၂၃)ရက်နေ့က ကျင်းပခဲ့သည့်သတင်းစာရှင်းလင်းပွဲမှ သိရပါသည်။

ယခုအကြိမ်ကုန်စည်ပြပွဲ၏အဓိကဆောင်ပုဒ်သည် ယခင်ကျင်းပခဲ့သောကုန်စည်ပြပွဲများကဲ့သို့“တစ်ရေ ထဲသောက်၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် အတူဖွံ့ဖြိုး”ဖြစ်ပြီး ကုန်စည်ပြပွဲတစ်ခုနှင့် ဖိုရမ်တစ်ခုဖြင့် ပါဝင် မည်ဖြစ်ကြောင်း။ ပြခန်းအကျယ်အဝန်းသည် စုစုပေါင်းစတုရမ်းမီတာ(၄)သောင်းရှိပြီး နိုင်ငံတကာ စံချိန်မီပြခန်း(၂၀၀၀)နှင့်ညီမျှသည်။ ကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံဖြတ်ကျော်အလုပ်ခေါ်ယူခြင်း၊ ယဉ်ကျေးမှုကဏ္ဍပါခရီးသွားလာရေး၊ လန်ချမ်း-မဲခေါင်မြစ်ဝှမ်းတစ်လျှောက်နိုင်ငံများ ထူးခြားချက် လက္ခဏာပါကုန်စည်များနှင့် နိုင်ငံတကာဖက်ရှင်အထူးကုန်စည်စသည့်အကြောင်းအရာဖြင့် ခွဲခြား ပြသမည်ဖြစ်ကြောင်း။ ထို့ပြင် နိုင်ငံ(၁၈)နိုင်ငံနှင့် ပြည်ပပြခန်း (၃၅%)ခန့် ပါဝင်ပြသမည်ဟု ကြိုတင် မျှော်မှန်းထားကြောင်း။ အလားတူသီးခြားပြခန်းအကျယ်အဝန်း (၆၀%)၊ ကုန်စည်ပြပွဲအကျယ်အဝန်း (၄၀%)ရောက်ရှိမည်ဟု မျှော်မှန်းထားကြောင်းသိရသည်။

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ထျိန်ချီဖိုရမ်သည် “ပလက်ဖောင်းသစ်ကိုအတူတည်ထောင်၊ ဖွံ့ဖြိုးတိုးတက်ရေးသစ်ကိုအတူတွန်းအားပေး”ဟူသည့်အစဉ်ထာဝရဆောင်ပုဒ်ဖြင့် ကျင်းပနေပြီး“နိုင်ငံဖြတ်ကျော်ရင်းနှီးမြှုပ်နှံ့မှုအဆင်ပြေစေခြင်း၊ နိုင်ငံဖြတ်ကျော်ကုန်သွယ်ရေးအဆင်ပြေစေခြင်း”သည် အဓိကအကြောင်းအရာဖြစ်သည်။ တရုတ်-လာအိုရင်းနှီးမြှုပ်နှံ့မှုညှိနှိုင်းပွဲ၊ တရုတ်- ကမ္ဘောဒီးယား ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲ၊ “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”နိုင်ငံတကာ စီးပွားကုန်သွယ်ရေး တရားမျှတမှုဆိုင်ရာအက်ဥပဒေဝန်ဆောင်မှုဖိုရမ်၊ အရှေ့တောင်အာရှတောင်အာရှနိုင်ငံဖြတ်ကျော် လူစွမ်းအားအရင်းအမြစ်ဆန်းသစ်ခြင်းဖိုရမ်အစရှိသောအဓိကခေါင်းစဉ်များဖြင့်အစည်းအဝေးကိုကျင်းပမည်ဖြစ်သည်။

အထူးအားဖြင့် ယခုအကြိမ်ပြပွဲတွင် “နိုင်ငံတကာလူစွမ်းအားအရင်းအမြစ်”ဆိုင်ရာအကြောင်းအရာကို ပထမဦးဆုံးအကြိမ်ထည့်သွင်းကျင်းပထားမည်။ အရှေ့တောင်အာရှတောင်အာရှနိုင်ငံဖြတ်ကျော် လူစွမ်းအားအရင်းအမြစ်ပလက်ဖောင်းကိုအမှီပြုပြီး နိုင်ငံတက်ာလူစွမ်းအားအရင်းအမြစ်အပြန်အလှန် ဖလှယ်ခြင်း၊ နိုင်ငံဖြတ်ကျော်အလုပ်လုပ်ကိုင်ခြင်း၊ နိုင်ငံတကာလူစွမ်းအားအရင်းအမြစ် မွေးထုတ်ခြင်း စသည့်အဓိကအကြောင်းအရာပါဝင်သော နိုင်ငံတကာအလုပ်အကိုင်ပြပွဲကိုကျင်းပမည်ဖြစ်သည်။ ခန့်မှန်းချက်အရ တရုတ်ပြည်တွင်းပြည်ပကုမ္ပဏီလုပ်ငန်း(၁၀၀၀)ကျော်၊ တက္ကသိုလ်နှင့်ကောလိပ်(၆၀) ကျော်၊ သက်ဆိုင်ရာလူစွမ်းအားအရင်းအမြစ်ဦးရေ(၅)သောင်းကျော်သည် အဆိုပါပွဲသို့ တက်ရောက်ကြ မည်ဖြစ်ပြီး အလုပ်စတင်လုပ်ကိုင်ဆောင်ရွက်ခြင်းနှင့်အလုပ်ခေါ်ယူခြင်းဆိုင်ရာသတင်းအချက်အလက် (၁)သောင်းခန့် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။

ထို့ပြင် ယခုအကြိမ်ကုန်စည်ပြပွဲသည် ယခင်ကုန်စည်ပြပွဲ၏ ရိုးရာအစဉ်အလာကို ဆက်လက်ထိန်းသိမ်း ပြီး မဲခေါင်မြစ်ဝှမ်းတစ်လျှောက်(၅)နိုင်ငံ၏အစိုးရဌာနများသည် မဲခေါင်မြစ်ဝှမ်းနိုင်ငံများအထူးကုန်စည် ပြခန်းနှင့်နိုင်ငံတကာပြခန်းကို ဦးစီးစီစဉ်ဆောင်ရွက်မည်ဖြစ်ပြီး ပြည်သူပြည်သားများအတွက် ပေါကြွယ်သော၊ အရှေ့တောင်အာရှတောင်အာရှလက္ခဏာပါ ကုန်စည်များကို ပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းအရင်းအမြစ်၊ ယူနန်ကွန်ယက်။
ဘာသာပြန်၊ Yunnan Gateway.

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006