တရုတ်နိုင်ငံယူနန်ပြည်နယ်၏ "အလင်းရောင်ခရီးစဉ်”လှုပ်ရှားမှုတွင် ရန်ကုန်မှအတွင်းတိမ်လူနာ ၂၀၀ အား အခမဲ့ခွဲစိတ်အလင်းဒါနပြု

2019-08-30 19:51:15 |သတင်းအရင်းအမြစ် 云桥网

၂၀၁၉ ခုနှစ် တရုတ်နိုင်ငံယူနန်ပြည်နယ်၏ "အလင်းရောင်ခရီးစဉ်” လှုပ်ရှားမှုတွင် ရန်ကုန်မှ အတွင်းတိမ် ဝေဒနာရှင် ၂၀၀အား အခမဲ့ခွဲစိတ်အလင်းဒါနပြုမည့်အခမ်းအနားကို သြဂုတ် ၃၀ ရက်နေ့က ရန်ကင်း မြို့နယ်ရှိ သီတဂူရွှေပြည်ဟိန်းစက္ခုဒါနဆေးရုံတွင် ကျင်းပပြုလုပ်သည်။

အဆိုပါအလင်းရောင်ခရီးစဉ်လှုပ်ရှားမှုကို တရုတ်နိုင်ငံယူနန်ပြည်နယ် ယူနန်လူမှုရေးအဖွဲ့အစည်း နိုင်ငံတကာကူးလူးဆက်ဆံမှုချစ်ကြည်ရေးဖောင်ဒေးရှင်းမှ လိုအပ်သောငွေကြေး ရှာဖွေစုစည်းပြီး ယူနန်ကျန်းမာရေးကော်မတီနှင့်ကူမင်းဆေးတက္ကသိုလ်အမှတ်(၂)တွဲဖက်ဆေးရုံကြီးတို့မှဆေးကုသရေးအဖွဲ့တစ်ဖွဲ့ကို ပူးတွဲဖွဲ့စည်းပြီး ရန်ကုန်ဝီသာခါဖောင်ဒေးရှင်း၊ သီတဂူရွှေပြည်ဟိန်း စက္ခုဒါနဆေးရုံတို့ အတူပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။ အလင်းရောင်ခရီးစဉ် လှုပ်ရှားမှုကို သြဂုတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာလ ၃ ရက်နေ့အထိ ၅ ရက်ကြာ ခွဲစိတ်ကုသပေးသွားမည်ဖြစ်သည်ဟု သတင်းအရ သိရ သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံမှူးMr. Yang Shouzheng က အမှာစကားပြောကြားရာ တွင် တရုတ်-မြန်မာနှစ်နိုင်ငံဟာ တောတောင်ရေမြေခြင်းထိစပ်နေပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ဟာလည်း လွန်စွာနက်ရှိုင်းလှကြောင်း၊ ကျွန်တော်တို့အနေနဲ့ မြန်မာ နိုင်ငံအတွင်းမှာ ကျန်းမာရေးနှင့် ပတ်သက်ပြီးဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံကြီးနှင့် နတ်မောက်ပြည်သူ့ ဆေးရုံတို့ကိုလည်း ပြန်လည် ပြုပြင်တည်ဆောက်ပေးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံက ပညာရေး ၊ ကျန်းမာ ရေးအစရှိသည့် အခန်းကဏ္ဍ များစွာကနေ အပြုသဘောဆောင်ပြီး ပါဝင်ဆောင်ရွက်ပေးနေကြောင်း၊ မြန်မာနိုင်ငံအတွင်းက ပြည်သူတွေအတွက် ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ၊ လူနေမှုဘဝမြှင့်တင်ရေး လုပ်ငန်းတွေကိုလည်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ အလင်းရောင်ခရီးစဉ်လှုပ်ရှားမှုကနေ ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံအတွင်းကအတွင်းတိမ်ဝေဒနာရှင် ၂၄၀၀ ကျော်ကိုလည်း ကုသပေးမှု များဆောင်ရွက်နိုင်ပေး နိုင်ခဲ့ကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

ယူနန်လူမှုရေးအဖွဲ့အစည်းနိုင်ငံတကာကူးလူးဆက်ဆံရေးဖောင်ဒေးရှင်းမှ အတွင်းရေးမှူး Ms. Jin jing က ၎င်းတို့အဖွဲ့အနေနှင့် ဒီလှုပ်ရှားမှုမှာအတွင်း တိမ်ဝေဒနာရှင်များအားမျက်စိအလင်းပြန်ရစေပြီး ကျန်းမာသန်စွမ်းသူကဲ့သို့ ချမ်းသာသုခများခံစားနေထိုင်စေလိုသည့် ရည်ရွယ်ချက်အပြင် မျက်စိ အလင်းသယ်ဆောင်လာခြင်း၊ နှလုံးလှမေတ္တာမျှဝေခံစားခြင်း၊ ချစ်ကြည်ရေးပြန့်ပွားခြင်း၊ ဆွေမျိုးမေတ္တာ ထိတွေ့ခံစားခြင်းစသည့်ရည်ရွယ်ချက်များဖြင့် တရုတ်-မြန်မာနှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ချစ် ကြည်ရေးတိုးမြှင့်နိုင်စေကာ နှစ်နိုင်ငံပြည်သူများစိတ်နှလုံးခြင်းဆက်နွယ်နိုင်ရန်နှင့် ချစ်ကြည်ရင်းနှီးမှု စဉ်ဆက်မပြတ်တိုးတက်ရန် အကျိုးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း Yunnan Gateway မှ အင်တာဗျူးမေးမြန်းရာတွင် ယခုကဲ့သိုပြန်လည်ဖြေကြားခဲ့သည်။

အလင်းရောင်ခရီးစဉ် လှုပ်ရှားမှုတွင် မျက်စိအတွင်းတိမ်လာရောက်ခွဲစိတ်မှုခံယူသူဒေါ်မေဝေသိန်းသည် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နေထိုင်သည်။ ယခုအခါအလင်းရောင်ကို မကြည့်နိုင်ပါ။ သူမသည် ကျောင်း ဆရာမတစ်ယောက်ဖြစ်ပြီး စာဖတ်ခြင်းကို နှစ်သက်သည်။ သို့ရာတွင် အလင်းရောင်မကြည့်နိုင်ပဲဖြစ်နေ ရာ စာလည်းမဖတ်နိုင်တော့ပါ။ “လူတစ်ယောက်ရဲ့အဓိကက မျက်စိပေါ့နော်။ ဒီအလင်းရောင်ခရီးစဉ် လှုပ်ရှားမှုကြောင့် စာပြန်သင်မယ့်အိပ်မက်ကလေး အကောင်အထည်ပေါ်လာပြီပေါ့နော်။ အရမ်းလည်း ဝမ်းသာတယ်။ ဒီအစီအစဉ်လေးမှာ ပါဝင်တဲ့အဖွဲ့အစည်းအားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်နောင် မှာလည်း အခုလိုမျိုးအစီအစဉ်တွေ များများလုပ်ပေးဖို့မျှော်လင့်ပါတယ်။”ဟု သူမပြောသည်။

“မျက်စိက သိပ်မမြင်ရတော့ဘူး။ အဖော်မပါရင် ဝါးတားတားနဲ့ ဘယ်မှလည်းသွားလို့မရ။ အခု ခွဲစိတ်မှုပြီးသွားရင် ဟိုနားဒီနားသွားလာရတာတွေ၊ စာဖတ်တာတွေလုပ်လို့ရလာမယ့်အတွက် အတော်လေးအဆင်ပြေသွားမယ်။ ဒီအလင်းရောင်ခရီးစဉ်လှုပ်ရှားမှုအစီအစဉ်က အစီအစဉ် ကောင်းတစ်ခုပါ”ဟု ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်တွင်နေထိုင်သူဦးမွန်လေးမှပြောသည်။

(Yunnan Gateway)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006