ယခုနှစ်တွင်ကျင်းပမည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်းနှစ်(၇၀)ပြည့် အထိမ်းအမှတ် အစီအစဉ်များအကြောင်းတစေ့တစောင်း

2019-08-30 19:52:24 |သတင်းအရင်းအမြစ် 新华网

၂၀၁၉ ခုနှစ် အောက်တိုဘာ(၁)ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်းနှစ်(၇၀) ပြည့်မည်ဖြစ်ရာ တရုတ်နိုင်ငံအ၀ှမ်းအထိမ်းအမှတ်လှုပ်ရှားမှုအစီအစဉ်များစွာ စီစဉ်ထားရှိပါသည်။ အဆိုပါအစီအစဉ်များအား အတူတကွ လေ့လာကြပါစို့။

၁။ ဗိုလ်ရှုခံခြင်းနှင့်ပြည်သူပြည်သားဂုဏ်ပြုလမ်းလျှောက်ခြင်းအခမ်းအနား

အောက်တိုဘာ(၁)ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်းနှစ်(၇၀)ပြည့်အခါသမယ ထောပနာပြုရန် စုဝေးပွဲကြီးကျင်းပပါမည်။ တရုတ်ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌဖြစ်သူရှီကျင့်ဖျင်သည် အရေးကြီးသောမိန့်ခွန်းမိန့်ကြားရန် စီစဉ် ထားသည်။ ပြီးနောက် ဗိုလ်ရှုခံခြင်းနှင့်ပြည်သူပြည်သားများဂုဏ်ပြုလမ်းလျှောက်ခြင်း အခမ်းအနားကို ကျင်းပပါမည်။

၂။ မြို့တော်မိတ်ဆုံစားပွဲသဘင်
အောက်တိုဘာ(၁)ရက်နေ့ညပိုင်းတွင် ပေကျင်းမြို့ထျန်းအမ်းမိန်ရင်ပြင်ပေါ်၌ ပါတီနှင့်နိုင်ငံတော်အကြီး အကဲများသည် နယ်ပယ်အသီးသီးမှ ပြည်သူပြည်သားများနှင့်အတူမိတ်ဆုံစားပွဲသဘင်ကျင်းပမည်။

၃။ နိုင်ငံတော်ဘွဲ့တံဆိပ်နှင့်ဂုဏ်ပြုမှတ်တမ်းလွှာများချီးမြှင့်
တရုတ်ကွန်မြူနစ်ပါတီအထွေထွေအတွေးရေးမှူး၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ဖြစ်သူရှီကျင့်ဖျင်သည် နိုင်ငံတော်ဘွဲ့တံဆိပ်နှင့်ဂုဏ်ပြုမှတ်တမ်းလွှာများကို လက်မှတ်ရေးထိုးပြီး ချီးမြှင့် ပေးမည်။

၎။ ပြည်သူ့သူရဲကောင်းများအတွက် ပန်းခြင်းများဖြင့် ဂုဏ်ပြု
စက်တင်ဘာလ(၃၀)ရက်နေ့တွင် နိုင်ငံတော်အာဇာနည်များကို အထိမ်းအမှတ်ပန်းခြင်းများဖြင့် လေးစား စွာဂုဏ်ပြုမည်။

၅။ အမျိုးသားအောင်ပွဲနေ့ဧည့်ခံပွဲ

၆။ အမျိုးသားအောင်ပွဲနေ့အနုပညာပဒေသာကပွဲ(ည)

၇။ တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်းနှစ်(၇၀)ပြည့် အောင်မြင်မှုရလဒ်ပြပွဲကြီး

၈။ တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်းနှစ်(၇၀)ပြည့် အထိမ်းအမှတ်ဂုဏ်ပြု အမှတ်တံဆိပ် ထုတ်ပြန်

၉။ မော်ကွန်းဝင်မှတ်တမ်းရုပ်ရှင်ကားရိုက်ကူးပြသ

၁၀။ အထိမ်းအမှတ်တံဆိပ်ခေါင်းနှင့်ငွေကြေးထုတ်ဝေ

သတင်းအရင်းအမြစ် ။ ။ ဆင်ဟွာသတင်းဌာနမှ ကောက်နုတ်တင်ပြထားသည်။
ဘာသာပြန် ။ ။ Yunnan Gateway.
ပုံ။ ။ online photos.

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006