ရှီကျင့်ဖိန်သည် ၂၀၁၉ နိုင်ငံတကာ ဘတ်စကက်ဘော လီးဂ်အဖွဲ့ ဘတ်စကက်ဘော ကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား တက်ရောက်

2019-09-02 12:52:42 |သတင်းအရင်းအမြစ် CRI

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် သြဂုတ်လ ၃၀ ရက်နေ့ညက ပီကင်းမြို့ ရေကုဗ၌ ၂၀၁၉ ခုနှစ် နိုင်ငံတကာ ဘတ်စကက်ဘော လီးဂ်အဖွဲ့ ဘတ်စကက်ဘော ကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်သည့် နှစ် ၇၀ အတွင်း အားကစား လုပ်ငန်းတွင် ကြီးမြတ်သော တိုးတက်အောင်မြင်မှုများကို ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် အားကစားအင်အားတောင့်တင်းသော နိုင်ငံ ဖြစ်လာအောင် တည်ထောင် နေပြီး နိုင်ငံတကာ ဘတ်စကက်ဘော လီးဂ်အဖွဲ့နှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်၍ တရုတ်ပြည် ဘတ်စကက်ဘော အားကစားလှုပ်ရှားမှု ပျံ့နှံ့ရေးနှင့် အရည်အသွေး တိုးမြှင့်ရေးကို တွန်းအားပေးလိုကြောင်း ပြောကြားပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006