ဟောင်ကောင်အစိုးရသည် အကြမ်းဖက် ဆန္ဒပြသူများ၏ လုပ်ရပ်များကို ပြစ်တင်ရှုတ်ချ

2019-09-02 14:16:11 |သတင်းအရင်းအမြစ်

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အစိုးရ ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာလ ၁ ရက်နေ့ညက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ ထိုနေ့တွင် ဟောင်ကောင် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ဟောင်ကောင်မီးရထားဘူတာရုံ၌ အကြမ်းဖက်ဆန္ဒပြသူများ၏ လုပ်ရပ်များကို ပြစ်တင်ရှုတ်ချခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

လွန်ခဲ့သည့်ရက်များအတွင်း ဟောင်ကောင် တရားရုံးသည် လေဆိပ်နှင့် မီးရထားဘူတာရုံ လည်ပတ်မှု ထိခိုက်သော ဆောင်ရွက်မှုမှန်သမျှကို ပိတ်ပင်သော တားဝရန်းများ ထုတ်ပြန်ခဲ့ပြီဖြစ်ကြောင်း၊ သို့သော် စက်တင်ဘာလ ၁ ရက်နေ့က ဆန္ဒပြသူအချို့သည် တရားဥပဒေကို လျစ်လျူရှုပြီး လေဆိပ်အနီးတဝိုက်၌ လမ်းပိတ်ပြီးမီးရှို့ခဲ့သဖြင့် လေဆိပ်လမ်းပိတ်ဆို့မှုဖြစ်စေခဲ့ပြီး ဟောင်ကောင်စီးပွားရေးကို ထိခိုက်ခဲ့ကြောင်း၊ အချို့ အကြမ်းဖက်ဆန္ဒပြသူများသည် ရထားလမ်းတွင် အမှိုက်ပစ်ခြင်း၊ ဘူတာရုံကို ဖျက်ဆီးခြင်း၊ အရပ်သားများကို ဝိုင်းဝန်းရိုက်နှက်ခြင်း၊ နိုင်ငံတော်အလံကို မီးရှို့ခြင်း စသည့်လုပ်ရပ်များကို ပြုလုပ်ခဲ့ကြောင်း ယင်းကြေညာချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006