တရုတ် ရိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးသည် ယခုလ ၃ ရက်နေ့တွင် တရုတ်ပြည်၏ နျူကလီးယား လုံခြုံရေး စက္ကူဖြူစာတမ်းကို ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းသည် တရုတ်နိုင်ငံ အနေနှင့် ပထမဦးဆုံး ထုတ်ပြန်သော နျူကလီးယား လုံခြုံရေးဆိုင်ရာ စက္ကူဖြူ စာတမ်း ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။
စက္ကူဖြူစာတမ်းတွင်၊ တရုတ်နိုင်ငံသည် နျူကလီးယား လုံခြုံမှု အာမခံပေးရေးကို အရေးကြီး နိုင်ငံတော် တာဝန်ဝတ္တရား အဖြစ် အမြဲ ထားနေပြီး တစ်လျှောက်လုံး ဆိုသလို လုံခြုံရေး အခြေခံပေါ်တွင် နျူကလီးယား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက် နေကြောင်း၊ အတင်းကျပ်ဆုံးသော စံချိန်စံနှုန်းဖြင့် ကြီးကြပ် စီမံခန့်ခွဲရေးကို လုပ်ဆောင်နေပြီး တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော နျူကလီးယား လုံခြုံရေး လမ်းကြောင်း အတိုင်း လျှောက်လှမ်းနေကြောင်း ရေးသားဖေါ်ပြထားပါသည်။ (ကျော့)